BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗုံးသတင်းနဲ့ပတ်သက်တဲ့...
သတင်းအတု

ဗုံးသတင်းနဲ့ပတ်သက်တဲ့ အချက်အလက်အမှားဖြန့်ဝေ

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အတွင်းဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲသတင်းအပေါ်အခြေခံပြီး နောက်ထပ် မဲရုံတွေကို ဖောက်ခွဲဖို့ရှိကြောင်း အများပြည်သူကို အသိပေးတဲ့ ပုံစံဖြန့်ဝေနေမှုတဲ့ သတင်းအမှားတစ်ခုကို လူမှုကွန်ရက်အကောင့်တစ်ခုကနေဖြန့်ဝေခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  7 Nov 2020 8:38 PM IST
  • ဗုံးသတင်းနဲ့ပတ်သက်တဲ့ အချက်အလက်အမှားဖြန့်ဝေ

    ဒီရေးသားဖြန့်ဝေမှုဟာ ရွေးကောက်ပွဲရက်အတွက် တိကျခိုင်လုံတဲ့ အချက်အလက်မပါပဲ ရေးသားဖြန့်ဝေနေမှုဖြစ်သလို လူထုကြား အထိတလန့် ဖြစ်စေနိုင်တဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

    ဒီသတင်းကို Moe Kyi Phyu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ကဲ စတင်ပြီး ဗုံးတွေလိုက်ခွဲနေပါပြီ..ဆယ်လုံးလောက်ဖောက်ဖို့ ရှိပါတယ်..မဲရုံကို မဲသွားမပေးရဲအောင် မဲရုံတွေဗုံးခွဲဖို့ပါ..သူတို့ချတဲ ပလန်တွေမဖြစ်မြောက်လို့ B ပလန်စပါပြီ..ချစ်တို့ရေ တို့တွေစည်းလုံးကြရမယ် မဲပေးဖြစ်အောင်ပေးရမယ်.. ဒီစနစ်ဆိုးကိုတွန်းလှန်ဖို့ ငါတို့သွေးတွေ အမြဲရဲနေရမယ်..ကြိုက်သလောက်ယုတ် ငါ့တို့ပြည်သူသွေး အမြဲရဲတယ်..မကြောက်ကြနဲ့ အကြောက်တရားကြောင့် ငါတို့မျိုးဆက် အညံခံလို့မဖြစ်ဖူး..တိုင်းပြည်မြေပုံပါပြောက်မယ်." လို့ ရေးသားထားပြီး တေးရေး၊ တေးဆို ဟန်သစ်ရဲ့ "ထာဝရ NLD ကို မဲပေးမည်" ဆိုတဲ့ သီချင်းဗွီဒီယိုဖိုင်ကို ဖြန့်ဝေထားတာပါ။

    ရေးသားမှုကိုကြည့်ရင်ပုံမှန်အားဖြင့် မဲပေးမယ့်သူတွေကို အားပေးတဲ့အသွင်ရေးသားထားတာဖြစ်ပေမယ့် ထည့်သွင်းပြောဆိုထားတဲ့အချက်အလက်တွေဟာလူတွေကို အထိတ်တလန့်ဖြစ်စေမယ့် အချက်အလက်အမှားတွေပါဝင်နေပါတယ်။

    မူရင်းဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းဟာ နိုဝင်ဘာလ ၆ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အတွင်း ပေါက်ကွဲမှုဖြစ်စဉ်အပြီး ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီရေးသားဖြန့်ဝေမှုမှာ ပြောထားတဲ့ မဲရုံတွေမှာ ဗုံး ၁၀ လုံးလောက် ဖောက်ဘို့ရှိတယ် ဆိုတဲ့နေရာမှာ ဘာအထောက်အထားမှမပါဝင်ပဲ ထည့်သွင်းရေးသားထားခြင်းသာဖြစ်နေပါတယ်။

    ရေးသားဖြန့်ဝေသူရဲ့ ဖေစ့်ဘွတ်အကောင့်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ NLD ပါတီထောက်ခံတဲ့ ပိုစ့်အမြောက်အများ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ ပါတ်သတ်နေတဲ့ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့မှု နဲ့ ဗုံးလန့်မှု ဖြစ်စဉ်အချို့ ရွေးကောက်ပွဲအကြိုကာလမှာရှိခဲ့ပေမယ့် ခုချိန်ထိ လူထိခိုက်မှု တစ်စုံတရာ မရှိသေးသလို၊ သက်ဆိုင်ရာက ဗုံးသတင်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲစိုးရိမ်စရာအခြေအနေတွေကို ထုတ်ပြန်ပြောကြေငြာထားတာမျိုးတော့ မရှိသေးပါဘူး။

    နိုဝင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အတွင်း ပေါက်ကွဲခဲ့မှုဟာ အသံမိုင်းသားဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။ အလားတူ စက်တင်ဘာလ ၁၉ ရက် နဲ့ ၂၀ ရက်နေ့တွေက နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ၏ နေအိမ်မှာ တွေ့ရှိခဲ့တဲ့ လက်ပစ်ဗုံး ပစ်ခတ်ခံရမှုတွေမှာလည်း ပေါက်ကွဲမှု တစုံတရာ မရှိခဲ့တာ တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ ရက်အတွင်းကလည်း မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ဝန်းကျင်မှာ ဗုံးလန့်မှုဖြစ်ခဲ့ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ရည်ရွယ်ချက်မျိုးသာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတွေက ပြောကြားထားကြောင်း ဗွီအိုအေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ဗုံးနဲ့ ပါတ်သတ်ပြီး သတင်းဌာနတွေမှာ ဖော်ပြထားမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

    အထက်ပါသတင်းတွေအရ ရွေးကောက်ပွဲကျင်းပမယ့်အခြေအနေနဲ့ဆက်စပ်ပြီးဖြစ်ပွားတဲ့ ဗုံးတွေ့ရှိမှုနဲ့ ပေါက်ကွဲမှုတချို့ရှိနေပေမယ့် အထက်ပါအကောင့်မှာဝေမျှထားသလိုမဲရုံတွေကိုဗုံးခွဲဖို့ ဗုံးဆယ်လုံးလောက်ရှိတယ်ဆိုတဲ့အရေးအသားဟာ အများပြည်သူအထိတ်တလန့်ဖြစ်စေနိုင်တဲ့အရေးအသားမျိုးဖြစ်ပါတယ်။

    Tags

    BombFalsenewsExplosion in UECBombingElection2020 Myanmar Election
    Read Full Article
    Claim :   မဲရုံတွေကို ဖောက်ခွဲဘို့ ဗုံးဆယ်လုံးလောက် ဖောက်ဖို့ရှိကြောင်း အများပြည်သူကို အသိပေးတဲ့ ပုံစံဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!