ထိုင်းနိုင်ငံကနဂါးအရုပ်ကို သက်ရှိနဂါးအဖြစ်ဝေမျှသူများရှိ

ထိုင်းနိုင်ငံက ရေမြှောထားတဲ့နဂါးရုပ်တု ဓါတ်ပုံတစ်ပုံကိုအသုံးပြုပြီး နှစ် ၃၀၀ မှတခါ ရေပေါ်တက်အသက်ရှုတဲ့ နဂါးအဖြစ် လူမှုကွန်ရက်ပေါ်မှာ နောက်ပြောင်ဖြန့်ဝေမှုတွေရှိနေပါတယ်။

ဒီရေးသားဖြန့်ဝေမှုကို ဇူလိုင်လ အတွင်းခန့်ကပင် လူမှုမီဒီယာတွေအပေါ် ဖြန့်ဝေနေတာဖြစ်ပြီး အချို့က ရေထဲမှာ ခေါင်းပေါ်နေတဲ့ နဂါးပုံတွေနဲ့အတူ "နှစ်၅၀တွင် တစ်ခါသာကိုယ်ထင်ပြသော ကာလနဂါးကြီးပါ။ ကံကောင်းချင်ရင် ရှယ်လိုက်ပါ။ တွေ့ပြီးမရှယ်ပါကကံဆိုး‌‌တတ်တယ်" ဆိုပြီး ရေးသားဖြန့်ဝေနေသလို တချို့က ကျိန်စာတိုက်ထားတဲ့ "နှစ်၃၀၀ မှ တစ်ခါ ရေပေါ်တက်ပြီး အသက်ရှုတဲ့ နဂါးပါ။ ယုံယုံကြည်ကြည်နဲ့ ရှဲပါ လိုရာဆုတောင်းပြည့်ပါတယ်... ပုံကိုမြင်ရဲ့သားနဲ့မရှဲ ရင် ကံဆိုးပါလိမ့်မယ်" ဆိုပြီး ရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

ဒီဓါတ်ပုံတွေနဲ့ နောက်ပြောင်ဖြန့်ဝေလေ့ရှိတဲ့အကြောင်းအရာတွေဟာ လူမှုကွန်ရက်ပေါ်မှာမကြာခဏပျံ့နှံ့သလို၊ ဖြန့်ဝေသူတွေထဲမှာ အမှန်တကယ်သက်ရှိနဂါးအဖြစ်ယံုံကြည်ပြီးဖြန့်ဝေသူတွေလည်းရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရေးသားဖြန့်ဝေမှုတွေမှာ ပါဝင်တဲ့ နဂါးပုံတွေကို ဆန်းစစ်ကြည့်ရာ ဒီပုံတွေကို ထိုင်းနိုင်ငံက Tiktok ဆော့သူတစ်ဦးက အမျိုးသမီးပုံတွေနဲ့ရောနှောကာ နောက်ပြောင်ပြီးတင်ထားတာဖြစ်ပါတယ်။


ဗွီဒီယိုဖိုင်မှာ ရှေ့စက္ကန့်အနည်းငယ်မှာသာ နဂါးပုံတွေ ထည့်သွင်းထားပြီး နောက်ပိုင်းတွေမှာတော့ မိန်းကလေးပုံတွေ ထည့်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ပိုစ့်မှာပါတဲ့ ထိုင်းစာတွေကို ဂူဂယ်ဘာသာပြန်မှာ တိုက်ဆိုင်စစ်ကြည့်တာမှာ နဂါးအစစ်တွေဖြစ်တယ်ဆိုပြီး နောက်ပြောင်ရေးသားထားပါတယ်။


ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်။

နဂါးပုံနဲ့ ပါတ်သတ်ပြီး ထပ်မံစစ်ဆေးရာမှာ ဒီပုံတွေဟာ ထိုင်းလူမျိုးတွေရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ယုံကြည်မှုတစ်ခုဖြစ်တဲ့ နဂါးပုံအရုပ်တွေ ရေမျောခြင်းပြုလုပ်တာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲက ပုံရိပ်တွေကို ဓါတ်ပုံအဖြစ်ရယူထားတာဖြစ်ပါတယ်။

ရေးသားဖြန့်ဝေမှုမှာ ပါဝင်တဲ့ နဂါးအမြီးပုံစံတစုံတခုကို အနီးကပ် ချဲ့ယူပြထားတာကို အောက်မှာ ကြည့်ပါ။


အထက်ဖေါ်ပြပါ ပုံမှာမြင်တွေ့ရတဲ့ နဂါးအမြီးပုံစံတစုံတခုမှာ နဂါးရေမျောရာမှာ ပါဝင်မျောရတဲ့ ပန်းတွေနဲ့ အလှဆင်ထားတဲ့ ငှက်ပျောတုံးသာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံကို ကြည့်ပါ။


ညာဘက်ပုံမှာ အနီနဲ့ ဝိုင်းပြထားတဲ့ ငှက်ပျောတုံးကြီး ငှက်ပျော်တုံးတစ်ခုကို မြင်တွေ့နိုင်မှာပါ။ မူရင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Claim :   ထိုင်းနိုင်ငံက ရေမြှောထားတဲ့နဂါးရုပ်တု ဓါတ်ပုံတစ်ပုံကိုအသုံးပြုပြီး နှစ် ၃၀၀ မှတခါ ရေပေါ်တက်အသက်ရှုတဲ့ နဂါးအဖြစ် လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.