BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီပုံထဲက အပန်းဖြေစခန်းက...
သတင်းအတု

ဒီပုံထဲက အပန်းဖြေစခန်းက တောင်ကြီးမှာရှိတာမဟုတ်ပါဘူး

လူတွေကြားထဲဖြန့်ဝေတဲ့ သတင်းအမှားတွေထဲမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိသလို တချို့ဝေမျှမှုတွေက နောက်ပြောင်ဖို့သက်သက်ဝေမျှတာဖြစ်ပေမယ့် အမှန်ထင်ပြီးဆက်လက်ဖြန့်ဝေကြတာတွေကြောင့် ဆက်လက်ပြန့်ပွားနေတဲ့အကြောင်းအရာတွေရှိပါတယ်။

By - Boom Live Myanmar |
Published -  6 Sept 2020 1:10 PM IST
  • ဒီပုံထဲက အပန်းဖြေစခန်းက တောင်ကြီးမှာရှိတာမဟုတ်ပါဘူး

    အခုဝေမျှမယ့်သတင်းကလည်း အထက်မှာဆိုခဲ့တဲ့သတင်းတွေထဲကလိုပါပဲ။ ဒီသတင်းအမှားမှာ မြန်မာပြည်က နယ်ဒေသပုံရိပ်တွေနဲ့ဆင်တူတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး ဝေမျှထားတဲ့အကြောင်းအရာဖြစ်ပါတယ်။

    ဒီရက်ထဲမှာ တောင်ကြီးမြို့နားက ထောက်ရှာပင်အပန်းဖြေစခန်း ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့ပို့စ်တစ်ခုရှိပါတယ်။ ဒီအကြောင်းအရာကို Angel May ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇွန်လ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားပြီးအခုလိုရေးသားထားတာဖြစ်ပါတယ်။

    "တောင်ကြီးမြို့ အေးသာယာ အနောက်ဖက်ခြမ်းမှာရှိတဲ့ သစ်ပင်ထောင်ကျေးရွာကနေ ၃ မိုင်လောက်သွားရတဲ့ ထောက်ရှာပင် အပန်းဖြေစခန်းပါ..အလွန်လှပပြီး ပျော်စရာလဲကောင်းပါတယ်… ဘော်ဒါတွေနဲ့ ကဲလို့ရတယ်နော်..ဘီယာဘာညာလဲ ဈေးသိပ်မကြီးဘူး,,ကဲ ခုပဲ ဒိပ်လိုက်ကြရအောင်" ဆိုပြီး ရေးသားထားတဲ့ ပိုစ့်ကို လူမှုကွန်ရက်မှာ ထပ်ဆင့် ဖြန့်ဝေသူပေါင်း ခုနှစ်ထောင့်ငါးရာကျော်ရှိခဲ့ပါတယ်။ ဒီပမာဏဟာ လူမှုကွန်ရက်မှာ အလွန်အမင်းပျံ့နှံ့တဲ့ အရေအတွက်ဖြစ်ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    အထက်မှာပြောခဲ့သလို ဒီရေးသားဖြန့်ဝေမှုကို ရယ်ရွှင်စရာ၊ ဟာသ တစ်ခုအနေနဲ့ ဖြန့်ဝေကောင်းဖြန့်ဝေတာဖြစ်ပေမယ့် သတင်းအမှန်တွေနဲ့ပတ်သက်လို့ လေ့လာမှုအားနည်းတဲ့ လူတွေကြားထဲမှာ အမှန်ထင်ပြီးဖြန့်ဝေနေမှုတွေရှိပါတယ်။


    အထက်ဖော်ပြပါပုံမှာ မြင့်ရတဲ့အတိုင်း Zalian ခရီးသွားလုပ်ငန်းက သူ့ဖေစ့်ဘွတ်ပေချ့်မှာ ဒီပိုစ့်ကို ဇူလိုင် ၃ ရက်နေ့က ထပ်ဆင့်ဖြန့်ဝေထားတာကို တွေ့ရမှာပါ။ Zalian ခရီးသားလုပ်ငန်းအနေနဲ့ ဒါကိုသိသိနဲ့ ပြန်လည်ဖြန့်ဝေတာဟုတ်မဟုတ် မသိပေမယ့် သေချာတာက ဒီခရီးသွားလုပ်ငန်းရဲ့ ဝန်ဆောင်မှုကို အသုံးပြုမယ့်သူတွေအနေနဲ့ ခေါင်းကိုက်အောင်စဉ်းစားရမယ့် ပုံပါပဲ။ Zalian ခရီးသားလုပ်ငန်းရဲ့ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဒီဖြန့်ဝေမှုထဲမှာ ပါတဲ့ ပုံတွေရဲ့ မူလကတော့ ထိုင်းနိုင်ငံ အယုဒ္ဒယမှာရှိတဲ့ အဖေ့အိမ်ဆိုတဲ့ စီးပွားရေးလေ့လာရာစင်တာ တစ်ခုကပုံတွေသာဖြစ်ပါတယ် ။


    အထက်ပါပုံမှာတွေ့ရတဲ့အတိုင်း ဒီစင်တာရဲ့ ထိုင်းလိုရေးသားဖြန့်ဝေတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားချက်ကို အလိုအလျောက်ဘာသာပြန်ထားချက်ကို ကြည့်ရှု့နိုင်ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    စိုက်ပျိုးရေးနဲ့ ပါတ်သတ်တဲ့အကြောင်းအရာတွေ ရေးသားတင်ဆက်တဲ့ Kaset Review ဆိုတဲ့ ဝက်ဘ်ဆိုက်ကလည်း ဒီစင်တာအကြောင်းကို မေလ ၂၄ ရက်မှာ ရေးသားကာ စင်တာက ပုံတွေကို ဖော်ပြခဲ့ပါသေးတယ်။ ရေးသားဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



    Tags

    Travel & TourTravelDestination arearesorttripအပန်းဖြေစခန်းAgriculture reviewစိုက်ပျိုးရေးAgricultureAgriculture garden
    Read Full Article
    Claim :   ထိုင်းနိုင်ငံကပုံတွေကို အသုံးပြုပြီး တောင်ကြီးမြို့နားက ထောက်ရှာပင်အပန်းဖြေစခန်းဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!