BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဓါတ်ပုံအမှား။ ဒီဓါတ်ပုံက...
သတင်းအတု

ဓါတ်ပုံအမှား။ ဒီဓါတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါဘူး

ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ငံရေးပါတီတွေကြား အပြိုင်အဆိုင်ဖြစ်လာတဲ့ နည်းတူ ပါတီထောက်ခံသူတွေကြားလည်း တဘက်နဲ့ တဘက်သတင်းတု၊ သတင်းမှားတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  25 Oct 2020 8:30 AM IST
  • ဓါတ်ပုံအမှား။ ဒီဓါတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါဘူး

    ဒီရက်ထဲမှာ သံဃာတွေရိုက်နှက်ခံနေရတဲ့ပုံတစ်ပုံကိုသုံးပြီးဖြန့်ဝေနေတဲ့အကြောင်းအရာတစ်ခုကို NLD ထောက်ခံသူတွေနဲ့ ဆက်စပ်ပေ့ချ်တွေ group တွေမှာဝေမျှနေပါတယ်။

    ဒီရေးသားဖြန့်ဝေမှုကို မ ဟေ သီ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး အမေစုကိုထောက်ခံသူများNLD ဆိုတဲ့ ပေချ့်မှာလည်း ထပ်ဆင့်ဖြန့်ဝေထားတာလည်း တွေ့ရပါတယ်။

    မ ဟေ သီ အကောင့်မှာ တင်ထားတဲ့ ပိုစ့်အများစုမှာ NLD ပါတီထောက်ခံတဲ့ပိုစ့်များဖြစ်ပြီး USDP ပါတီနဲ့ ယခင်စစ်အစိုးရအပေါ် အဓိကတိုက်ခိုက်ထားတဲ့ ရေးသားဖြန့်ဝေမှုတွေလည်း တွေ့ရပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ဒါတွေဟာ ရှုတင်တခုရဲ့ရိုက်ကွင်းတခုမဟုခဲ့ဘူး။ ဒါတွေဟာ ရှပ်ရှင်တခုလဲမဟုခဲ့ဘူး။ ဒါတွေဟာ ပုံပြင်တပုဒ်လဲမဟုခဲ့ဘူး။ ဒါတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်လဲမဟုခဲ့ဘူး။ ဒါတွေဟာ ဖန်တီးယူထားတဲ့ မှတ်တမ်းတခု မဟုခဲ့ဘူး။ ဒါတွေဟာ လုပ်ကြံဖန်တီးထားတဲ့သမိုင်းတရပ်လဲမဟုခဲ့ပါဘူး။ ဒီသမိုင်း၊ ဒီသံဃာ၊ဒီလုပ်ရပ်၊ ဒီလိုအဖစ်ဆိုးတွေ၊ ဒီမှတ်တမ်းတွေဟာ အမှန်တကယ်ဖစ်ခဲ့တယ်ဆိုတာ ဘယ်တော့မှ ဖုံးကွယ်လို့မရဘူးဆိုတာသိထားပါ။ ပုခုံးနှစ်ဖက်က ခေါင်းထွက်လာလို့သာ လူလို့ခေါ်နေရပါသော စစ်အာဏာရှင် သူခိုးအထူးဂိုဏ်းက သန်းရွှေ၊ သိန်းစိန်၊ သန်းဌေးနဲ့တကွ သက်ဆိုင်သော သူခိုးအမျိုး မသူတော်အပေါင်းတို့ဖျောက်ဖြတ်လို့မရပါသော သမိုင်းယုတ်ကို ပြန်မြင်ယောင်နိူင်ကြကုန်လော ပြည်သူ ပါတီ။ MMK We Love NLD" (မူရင်းစာလုံးပေါင်းသတ်ပုံအတိုင်း) ဆိုပြီး ရေးသားထားတာပါ။ ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်တွေကို ရိုက်နှက်တဲ့ အဖြစ်အပျက်တွေ တကယ်ရှိခဲ့ဖူးပေမယ့် ဒီအကြောင်းအရာကိုတွဲဖက်ဖေါ်ပြထားတဲ့ပုံကတော့ မြန်မာပြည်ကဓါတ်ပုံမဟုတ်ပါဘူး။

    ဒီပုံထဲက မှာရဲတွေနဲ့တိုက်ခိုက်နေတဲ့သံဃာငယ်က မြန်မာမျက်နှာပေါက်နဲ့တူပေမယ့် ရဲတွေရဲ့ယူနီဖောင်းပုံစံကိုသတိထားကြည့်ရင် မြန်မာနိုင်ငံကမဟုတ်မှန်းသိနိုင်ပါတယ်။

    ဒီပုံကိုဂူဂယ်မှာ စစ်ဆေးရှာဖွေကြည့်လို့ရနိုင်သလို Boom ကစစ်ဆေးချက်အရ ဒီပုံဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ကမ္ဘောဒီးယားနိုင်ငံ ဗီယက်နမ်သံရုံးရှေ့မှာ ဆန္ဒပြတဲ့သံဃာ တွေကို ရဲတွေက ဖြိုခွင်းခဲ့တဲ့ အဖြစ်အပျက်က ပုံတွေဖြစ်တာတွေ့ရပါတယ်။

    အဲ့ဒီကာလက Kampuchea Krom ခေါ် ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ ကမ္ဘောဒီးယားလူနည်းစု အပေါ်မတရားပြုမူဆက်ဆံတယ်ဆိုပြီး ကမ္ဘောဒီးယားသံဃာတွေက ဆန္ဒပြကြတာပါ။အောက်မှာတော့ အဲ့ဒီကာလက သတင်းအဖြစ်အပျက်တွေကိုဖေါ်ပြခဲ့တဲ့ နိုင်ငံတကာသတင်းတွေကိုကြည့်ရှုနိုင်ပါတယ်။


    The Associated Press (AP) ကရေးသားခဲ့တဲ့ ဒီသတင်းကို ဧရာဝတီသတင်းဌာနမှာလည်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖော်ပြခဲ့ပါသေးတယ်။ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    fake imagePolitical partyCampaignမဲဆွယ်Vietnamese EmbassyBuddhist MonksprotestersCambodian monks
    Read Full Article
    Claim :   ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ငံရေးပါတီတွေကြား အပြိုင်အဆိုင်ဖြစ်လာတဲ့ နည်းတူ ထောက်ခံသူတွေကြားလည်း တဘက်နဲ့ တဘက် ဝေဖန်တိုက်ခိုက်နေတဲ့ထဲက ကမ္ဘောဒီးယားနိုင်ငံက ပုံတွေယူသုံးကာ ဝေဖန်တိုက်ခိုက်ထားတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!