BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲဆောက်မှာ တစ်တော့ဆယ်လီ LGBT ကို...
သတင်းအတု

မဲဆောက်မှာ တစ်တော့ဆယ်လီ LGBT ကို သတ်ခဲ့သူ အင်းစိန်မှာ လာအဖမ်းခံတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က လုယက်သတ်ဖြတ်ခံလိုက်ရတဲ့ တစ်တော့ဆယ်လီ ဧရာ၀တီမကို သတ်သွားတဲ့ တရားခံက ရန်ကုန်မြို့ အင်းစိန်မှာ လာရောက် အဖမ်းခံလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2026 9:33 AM IST
  • မဲဆောက်မှာ တစ်တော့ဆယ်လီ LGBT ကို သတ်ခဲ့သူ အင်းစိန်မှာ လာအဖမ်းခံတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sou Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အချိန် ၂ မိနစ်ခန့ ကြာမြင့်တဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'ည၈နာရီ ဧရာဝတီမကို သ-တ်ခဲ့တဲ့ကောင် အင်းစိန်ထောင်မှာ လာအဖမ်းခံတဲ့သတင်း ထူးပြီ။ အမှန်မှာတော့ လာ အဖမ်းမခံပဲ တစ်နိုင်ငံလုံးကို လှည့်စားလိုက်တာပါနော်။ ပြောတဲ့သူကလည်း တရားခံမဟုတ်ပါဘူးတဲ့။ ဧရာဝတီမ တရားမျှတမှု မရနိုင်သေးဘူးဟာ' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တစ်တော့ဆယ်လီ ဧရာ၀တီမကို သတ်သွားတဲ့ တရားခံက ရန်ကုန်မြို့ အင်းစိန်မှာ လာရောက် အဖမ်းခံလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို Boom Myanmar က သီခြားစုံစမ်း သိရှိရခြင်း မရှိသေးသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    လက်ရှိမှာ တစ်တော့ဆယ်လီ ဧရာ၀တီမရဲ့ အမှုအတွက် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က အပြင်းအထန် ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

    ရဲတပ်ဖွဲ့အဆိုအရ အလောင်းဟာ သစ်ပင်ကြီးတစ်ပင်နောက်ဘက် မြက်ပင်တွေကြားမှာ ဖုံးကွယ်ထားခဲ့ပြီး၊ အနီးအနားမှာ သစ်သားတံတစ်ချောင်း ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီသစ်သားချောင်းကို သတ်ဖြတ်ရာမှာ အသုံးပြုခဲ့နိုင်တယ် လို့ ရဲက ယူဆနေပါတယ်။

    အလောင်းအနီးဝန်းကျင်မှာ အရက်ဗူးအလွတ်တစ်လုံး၊ အိတ်တစ်လုံး၊ အလှကုန်ပစ္စည်းအချို့၊ ဘဏ်စာအုပ်၊ ကွန်ဒုံးတစ်ခု တို့ကို တွေ့ရှိခဲ့ပေမယ့် ဖုန်း၊ ငွေကြေးနဲ့ တန်ဖိုးရှိပစ္စည်းအများစု ပျောက်ဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    Tags

    murderMae sot. ThailandInsein PrisonFakenewsမဲဆောက်မြို့သတင်းမှား
    Read Full Article
    Claim :   မဲဆောက်မှာ တစ်တော့ဆယ်လီ LGBT ကို သတ်ခဲ့သူ အင်းစိန်မှာ လာအဖမ်းခံတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!