BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲဆောက်က Tik Tok ဆယ်လီ LGBT ကို...
သတင်းအတု

မဲဆောက်က Tik Tok ဆယ်လီ LGBT ကို သတ်ခဲ့သူကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားမိပြီဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က လုယက်သတ်ဖြတ်ခံလိုက်ရတဲ့ တစ်တော့ဆယ်လီ ဧရာ၀တီမကို သတ်သွားတဲ့ တရားခံကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိထားပြီဆိုပြီး ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  8 Feb 2026 9:08 AM IST
  • မဲဆောက်က Tik Tok ဆယ်လီ LGBT ကို သတ်ခဲ့သူကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားမိပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ TM Celebrity-News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၃၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ လက်ရှိ အွန်လိုင်းပေါ်မှာ သံသယရှိသူအဖြစ် ညွှန်းဆိုနေတဲ့ သီဟဇော်ဆိုသူရဲ့ ဓာတ်ပုံတွေနဲ့အတူ 'တရားခံ သီဟဇော် တော်လှန်ရေး တပ်ဖွဲ့မှ ဖမ်းစီးထားကြောင်းသတင်းများထွက်ပေါ်လာ' လို့ ရေးသားဖြန့်ဝေနေတာပါ။

    အခြားဖြန့်ဝေမှုတွေမှာတော့ အဆိုပါ သံသယရှိသူအဖြစ် ညွှန်းဆိုနေတဲ့ သီဟဇော်ဆိုသူရဲ့ ဓာတ်ပုံတွေကို AI နည်းပညာနဲ့ ဗီဒီယိုဖိုင် ပြုလုပ်ကာ reaction video ပြုလုပ်ပြီး တော်လှန်ရေးအဖွဲ့တွေက ဖမ်းသွားသယောင် ပြောဆိုရေးသားနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မဲဆောက်က တစ်တော့ဆယ်လီ LGBT ကို သတ်ခဲ့သူကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားမိပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို Boom Myanmar က သီခြားစုံစမ်း သိရှိရခြင်း မရှိသေးသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    လက်ရှိမှာ တစ်တော့ဆယ်လီ ဧရာ၀တီမရဲ့ အမှုအတွက် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က အပြင်းအထန် ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

    ရဲတပ်ဖွဲ့အဆိုအရ အလောင်းဟာ သစ်ပင်ကြီးတစ်ပင်နောက်ဘက် မြက်ပင်တွေကြားမှာ ဖုံးကွယ်ထားခဲ့ပြီး၊ အနီးအနားမှာ သစ်သားချောင်း တစ်ချောင်း ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီသစ်သားချောင်းကို သတ်ဖြတ်ရာမှာ အသုံးပြုခဲ့နိုင်တယ် လို့ ရဲက ယူဆနေပါတယ်။

    အလောင်းအနီးဝန်းကျင်မှာ အရက်ဗူးအလွတ်တစ်လုံး၊ အိတ်တစ်လုံး၊ အလှကုန်ပစ္စည်းအချို့၊ ဘဏ်စာအုပ်၊ ကွန်ဒုံးတစ်ခု တို့ကို တွေ့ရှိခဲ့ပေမယ့် ဖုန်း၊ ငွေကြေးနဲ့ တန်ဖိုးရှိပစ္စည်းအများစု ပျောက်ဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    Tags

    murderမဲဆောက်မြို့Fakenewsသတင်းမှားTikTok ဆယ်လီ
    Read Full Article
    Claim :   မဲဆောက်က တစ်တော့ဆယ်လီ LGBT ကို သတ်ခဲ့သူကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားမိပြီလို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!