BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင် သမီး...
သတင်းအတု

စစ်ခေါင်းဆောင် သမီး အဖမ်းခံရတယ်ဆိုတဲ့ သတင်းမှား

အလုပ်ကိစ္စနဲ့ ပြည်ပရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ အဖမ်းခံလိုက်ရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Nov 2025 9:09 PM IST
  • စစ်ခေါင်းဆောင် သမီး အဖမ်းခံရတယ်ဆိုတဲ့ သတင်းမှား

    ဒီအကြောင်းအရာကို SUN bumese ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး သတင်းမှားဖြန့်ပြီး ဖော်လိုဝါရှာနေတဲ့ အခြားဖေစ့်ဘွတ်ပေချ့်တွေကလည်း ထပ်ဆင့်ဖြန့်ဝေနေကြပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ခွေးသမီး သေပြီ။ သမီး အဖမ်းခံရလို့ အဖေသေ။ အလုပ်ကိစ္စနဲ့ ပြည်ပရောက်နေတဲ့ သမီးဖြစ်သူ အဖမ်းခံလိုက်ရတဲ့ သတင်းကြောင့် မင်းအောင်လှိုင် သတိလစ်' လို့ ရေးသား ထားပါတယ်။

    ဗီဒီယို ထဲမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့သမီးတို့ရဲ့ ပုံတွေကို AI နဲ့ ပြုပြင်ထည့်သွင်းပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ခေါင်းဆောင် သမီး အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံ စတဲ့ အရှေ့တောင်အာရှရှိ လိမ်လည်မှုစင်တာတွေကို နှိမ်နင်းဖို့ အမေရိကန်က အထူးတပ်ဖွဲ့(Scam Center Strike Force) ဖွဲ့စည်းခဲ့တဲ့ သတင်းကို အခြေခံပြီး အခြား အချက်အလက် မခိုင်လုံတဲ့ အကြောင်းအရာတွေကို ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်သမီး အဖမ်းခံရတဲ့ အကြောင်းအရာကို မည်သည့်အဖွဲ့အစည်းမှာမှ ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ 'မြန်မာနှင့် အာဆီယံအတွင်းရှိ ကျားဖြန့်ဂိုဏ်းနှိမ်နင်းရေး အမေရိကန် လုပ်ဆောင်လာ' ဆိုတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    arrestedMin Aung HlaingFakenewsသတင်းမှားမင်းအောင်လှိုင်သမီးဖမ်းဆီးခံရ
    Read Full Article
    Claim :   စစ်ခေါင်းဆောင် သမီး အဖမ်းခံရတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!