BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...
သတင်းအတု

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဖို့ ICC ဆောင်ရွက်နေပြီဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Dec 2025 10:42 AM IST
  • စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဖို့ ICC ဆောင်ရွက်နေပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ပြန်လည်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဖို့ ICC ဘက်ကနေ ချက်ချင်းလှုပ်ရှားပြီ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဖို့ ICC ဆောင်ရွက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ DVB TV News မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'မြောက်ဦးဆေးရုံ စစ်တပ် အကြမ်းဖက်ဗုံးကြဲမှု NUG ပြင်းထန်စွာ ရှုတ်ချ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    သတင်းထဲမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုအားလုံးအတွက် တရားမျှတမှုပြန် လည်ရရှိရေးကို ရခိုင်ပြည်သူလူထုနဲ့အတူ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီးတော့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်အုပ်စုကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ် အရေးယူနိုင်ဖို့အတွက် ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း ထုတ်ပြန်ထားကြောင်း ရေးသားထားပါတယ်။

    ဒီသတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဖို့ ICC ဆောင်ရွက်နေပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    DVB TV News မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မြောက်ဦးဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ဆေးရုံအတွင်း ဆေးကုသခံယူနေတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေထဲ ၃ လသားအရွယ် မိန်းကလေး ၁ ဦးအပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားသော ဆေးကုသမှုခံယူနေကြတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇၆ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    Tags

    ICC က ဖမ်းမိန့်ချICC စစ်ခုံးရုံးFakenewsAirstrikeဗုံးကြဲတိုက်ခိုက်လေကြောင်းတိုက်ခိုက်မှုသတင်းမှား
    Read Full Article
    Claim :   စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဖို့ ICC ဆောင်ရွက်နေပြီလို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!