BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA...
သတင်းအတု

စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချ တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ် KIA ပစ်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 Nov 2025 9:24 PM IST
  • စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချ တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'KIA လက်စွမ်းပြပြီ။ ကလဲ့စား ပြန်ချေမယ်လို့ ခွေးပု ဒေါသထွက်။ စစ်တိုက်လေယာဉ် တပြိုင်တည်း(၂)စီး KIA ပစ်ချ၊ ကလဲ့စား ပြန်ချေမယ်လို့ ခွေးပု ပေါက်ကွဲနေ' လို့ ရေးသား ထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချ တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ 'ရှမ်းမြောက်တွင် တိုက်လေယာဉ် ပစ်ချနိုင်ခဲ့ဟု KIA အတည်ပြု' ဆိုတဲ့ သတင်းဟောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုပြီး လက်ရှိဖြစ်စဉ်ပုံစံ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ ဗုံးလာကြဲတဲ့ စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို ၂၀၂၄ ခုနှစ် ဇန်ဝါရီ ၁၆ နံနက်ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အတည်ပြုကြောင်း၊ တိုက်ပွဲတွေ ပြင်းထန်နေချိန် တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ချိန်မှာ ပစ်ချခဲ့တာဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြောင်း ရေးသားထားပါတယ်။

    ဒီဖြစ်စဉ်မှာလည်း ဗိုလ်မှူးကြီးနော်ဘူက တိုက်လေယာဉ် တစ်စီးပစ်ချတယ်လို့သာ ပြောဆိုထားပြီး စစ်ကောင်စီ တိုက်လေယာဉ် ၂ စီးကို တပြိုင်နက်တည်း ပစ်ချခဲ့တယ်လို့ ပြောဆိုမထားပါဘူး။

    Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လေယာဉ်ပစ်ချသတင်းတုသတင်းမှားတိုက်လေယာဉ်ပစ်ချFakenewsshot down fighter jet
    Read Full Article
    Claim :   စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချ တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!