BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လင်းယုန်ငှက်တွေက အသက် ၇၀ ထိ...
သတင်းအတု

လင်းယုန်ငှက်တွေက အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်သလား

လင်းယုန်ငှက်တွေဟာ အသက် ၄၀ မှာ သူတို့ရဲ့ ဘဝရှင်သန်ရေးအတွက် လက်သည်း၊ နှုတ်သီးနဲ့ အတောင်တွေကို ကိုယ်တိုင်ဖျက်ဆီးခြင်းက နောက်ထပ် အသက် ၃၀ အထိ ဆက်လက်နေထိုင်နိုင်တယ်ဆိုပြီး Motivation စာတွေ ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက်မှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Dec 2024 8:10 AM IST
  • ဒီအကြောင်းအရာကို Nang Wathone Hnin Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည် နေနိုင်ဖို့အတွက် သူတို့ရဲ့ အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်တစ်ခုကို ချကြရပါတယ်။ သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။ နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်တွေကလည်း အရမ်းလေးလာပါတယ်။ အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက် ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။ သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ် တော့ပဲအသေခံမလား' ဆိုတဲ့ စိတ်ခွန်အားဖြစ်စေဖို့ ရည်ရွယ်ရေးသားထားတဲ့ ဆောင်းပါပုံစံ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ ဒီအကြောင်းအရာဟာ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးကတည်းက အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတာဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေထားမှုတွေကို မြန်မာဘာသာ ပြန်‌ဆိုနေကြတာပါ။

    အစောဆုံးအဖြစ် Min Zaw Phay ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ၂၀၁၆ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး အခြားဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။


    ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက် အမှားတွေသာဖြစ်ကြောင်း တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ လင်းယုန်ငှက် ဇာတ်လမ်းဟာ လင်းယုန်ငှက်တွေရဲ့ အမှန်တကယ် ဘဝဖြစ်စဉ်နဲ့ ဝေးကွာနေတာ တွေ့ရပါတယ်။

    အမေရိကန် ဘူမိဗေဒအဖွဲ့ရဲ့ စစ်တမ်းအရ သက်တမ်းအရှည်ဆုံး bald eagle အမျိုးအစား လင်းယုန်ငှက်ဟာ ၃၈ နှစ် အထိ သက်တမ်းအရှည်ဆုံး နေထိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ အများသိတဲ့ golden eagles အမျိုးအစား ရွှေလင်းယုန် တွေကတော့ အသက် ၃၁ နှစ် ၈ လအထိ သက်တမ်းအရှည်ဆုံး နေထိုင်ခဲ့တယ်လို့ တွေ့ရှိထားပါတယ်။


    ကြည့်လိုတဲ့ ငှက်တွေရဲ့ သက်တမ်းတွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ ဒီစိတ်ကူးယဉ်ဇာတ်လမ်းအကြောင်းကို သတင်းဆန်းစစ်မှုတွေနေတဲ့ Snopes သတင်းဌာနမှာ ၂၀၀၇ ခုနှစ် ကတည်းက ရေးသားဖော်ပြခဲ့ပြီး ဖြစ်သလို AFP သတင်းဌာနကလည်း ၂၀၂၁ ခုနှစ် ကတည်းက ရေးသားဖော်ပြပြီး ဖြစ် ပါတယ်။

    ဒီရေးသား ချက်တွေထဲမှာ ပညာရှင်တွေက လင်းယုန်တွေရဲ့ နှုတ်သီးတွေ၊ ခြေသည်းတွေဟာ ပုံမှန်အားဖြင့် ကျိုးပဲ့တာမျိုး ကြောင်း၊ သူတို့ရဲ့ နှုတ်သီးခြေသည်းတွေဟာ လူတွေရဲ့ လက်သည်းတွေလို ကီရာတင်ဒြပ်ပေါင်းမျိုး ဖြစ်တဲ့အတွက် အခု ဖြန့်ဝေနေသလို ရင်ဘတ်အထိ ကွေးကောက် ရှည်လျား လာတာမျိုး တော်တန်ရုံနဲ့ မဖြစ်နိုင်ကြောင်း၊ ပြီးတော့ သေးငယ်တဲ့ သာမာန်ထိခိုက်မှု တွေမှာ ပြန်လည် ကောင်းမွန်လာနိုင် ပေမယ့် ကြီးကြီးမားမား ထိခိုက်မှုတွေနဲ့၊ နှုတ်သီး တစ်ခုလုံး ကျိုးပဲ့ သွားတာမျိုး ဖြစ်ခဲ့ရင် ပြန်ကောင်းလာမှာ မဟုတ်တော့ဘူးလို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်တချက် အနေနဲ့ လင်းယုန်အပါအဝင် အားလုံးသော ငှက်တွေဟာ သူတို့ဘဝတလျှောက်မှာ အမွေး အတောင်တွေ ဆုံးရှုံးတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းကြရတာဖြစ်ပါတယ်။ ငှက်တွေရဲ့ အမွှေးအတောင်တွေဟာ ကာလ ကြာရှည်လာတာနဲ့ အမျှ အရည်အသွေး ကျဆင်းလာပြီး အစားထိုးဖို့ လိုအပ်လာပါတယ်။ ဒါပေမယ့် ရှိသမျှ အမွှေးအတောင်တွေ တပြိုင်နက်တည်း ကျွတ်ထွက်တာမျိုး မဟုတ်ပါဘူး။ တဖြည်းဖြည်းခြင်း အစားထိုးသွားခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါမှသာ အမဲလိုက် လို့ ရမှာ ဖြစ်ပါတယ်။

    ဒါဟာ ပုံမှန်ဖြစ်စဉ်သာ ဖြစ်ပြီး ငှက်မွှေးချခြင်း molting လို့ ခေါ်ဆိုပါတယ်။

    ဒါကြောင့် ခုဖြန့်ဝေနေတာတွေဟာ အချက်အလက် အမှားတွေသာ ဖြစ်ပါတယ်။

    Tags

    bald eagleလင်းယုန်ငှက်အချက်အလက်အမှားFalsenewsMotivationmisleading
    Read Full Article
    Claim :   လင်းယုန်ငှက်တွေက အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!