BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုရိုနာဗိုင်းရပ်စ်ဟာ...
သတင်းအတု

ကိုရိုနာဗိုင်းရပ်စ်ဟာ ဇီဝလက်နက်တခုဖြစ်တယ်ဆိုတဲ့သတင်းအမှား

ဆောင်းပါးဟာ reddit အဖွဲ့အစည်းရဲ့ website တခုဖြစ်တဲ့ r/NoSleep လို့ခေါ်တဲ့ သည်းထိတ်ရင်ဖိုဆောင်းပါးတွေ ဖော်ပြနေကျ website ကနေ အခြေခံထားတာဖြစ်ပါတယ်

By - Boom Live Myanmar |
Published -  29 March 2020 10:02 AM IST
  • ကိုရိုနာဗိုင်းရပ်စ်ဟာ ဇီဝလက်နက်တခုဖြစ်တယ်ဆိုတဲ့သတင်းအမှား

    လက်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားခြင်းဟာ ဝူဟန်မြို့ရဲ့သားရဲတိရိစ္တာန်ရောင်းဝယ်ရေးစျေးကွက်အနီးအနားမှာ ဇီဝလက်နက်ပျံ့နှံမှုကို ဖုံးကွယ်ဖို့ ဖန်တီးထားတာဖြစ်တယ်လို့ ရေးသားထားတဲ့အကြောင်းအရာတစ်ခု နိုင်ငံတကာက လူမှူကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

    BOOM website ဟာ

    " ကိုရိုနာဗိုင်းရပ်စ်သရုပ်မှန်:တရုတ်ပြည်ရဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုက်မှုကာလဟာ အတုအယောင်ဖြစ်ကြောင်း တရုတ်ထောက်လှမ်းရေးဝန်ကြီးကပြောကြားခဲ့တယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးကို r/NoSleep website မှာ ရှာဖတ်နိုင်ပါတယ်။ အသုံးပြုသူတွေဟာ အဲ့ဒီစာမျက်နှာမှာရှိတဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ သည်းထိတ်ရင်ဖိုဆောင်းပါးတွေကို လူမှုကွန်ယက်မှာဝေမျှနေကြပါတယ်။

    Whatsapp အသုံးပြုသူတွေကနေတဆင့် အဲ့ဒီအကြောင်းအရာဟာ မှန်ကန်ခြင်းရှိမရှိမေးမြန်းကြတာတွေနဲ့တကွ အဲ့ဒီဆောင်းပါးကို BOOM whatsapp အရေးပေါ်အကူအညီနံပါတ်ကိုပေးပို့ခဲ့ကြပါတယ်

    ဆောင်းပါးကို UfoSpotLight ဆိုတဲ့ စာမျက်နှာဖော်ပြထားတာပါ။ ဆောင်းပါးမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဖြစ်ပွားမှုအရင်းအမြစ်ကို တရုတ်ရဲ့ ထောက်လှမ်းရေးအရာရှိက ထုတ်ဖော်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

    ဆောင်းပါးအရ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ပြည်ရဲ့သစ္စာဖောက်တစ်ယောက်က ဇီဝလက်နက်ကို အမေရိကန်နိုင်ငံသို့ တိတ်တဆိတ်ရောင်းချဖို့ကြိုးစားရာကနေ ယိုစမ့်မှုဖြစ်ပွားခဲ့တာလို့ဖော်ပြထားပါတယ်။

    အခုဆိုရင် လက်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (သို့) နမိုးနီးယားအဆုတ်ယောင်ရောဂါအမျိုးအစား ကိုရင်းနှီးကြမယ်ထင်ပါတယ်။ ဗိုင်းရပ်စ်ဟာ တရုတ်ပြည်ရဲ့ စက်မှုထွန်းကားတဲ့မြို့ဖြစ်တဲ့ ဝူဟန်မြို့ကနေ အခြေခံပြီး သားရဲတိရိစ္ဆာန်စျေးကွက်မှာရောင်းတဲ့ လင်းနို့ကနေ ကူးစက်တယ်လို့ ကြားရမှာပါ။ အဲ့ဒီဗိုင်းရပ်စ် တုပ်ကွေးလိုမျိုး ဖျားနာမှုနဲ့ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကိုဖြစ်စေပြီး အသက်ရှုလမ်းကြောင်းစနစ်ပျက်စီးရာကနေ သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

    အဲ့ဒီရောဂါက ကူးစက်လွယ်ပြီး သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ သေဆုံးနိုင်ခြေဟာ ခန့်မှန်းခြေ ၂% နဲ့အထက်မှာရှိပါတယ်။

    သတင်းအမှားအတွေအကုန်လုံးဟာ တရုတ်ပြည်နဲ့ အမေရိကန်ရဲ့ နှစ်နိုင်ငံအတွင်းရေးဖြစ်တယ်လို့ဖော်ပြခဲ့ပြီးမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံ၊ ရုရှားနိုင်ငံ နဲ့ သြစတြေးလျနိုင်ငံတဝှမ်းက လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

    ထပ်ပြီးဖော်ပြထားတာကတော့ တရုတ်သုတေသနပညာရှင်ဟာ အမေရိကန်ကို ဇီဝလက်နက်ရောင်းချဖို့ အကွက်ချစီစဉ်ပြီး အမှားအယွင်းဖြစ်ပေါ်ခဲ့ပုံကိုပါ။ တရုတ်ကိုယ်စားလှယ်တစ်ယောက်ဆီကနေ ဇီဝလက်နက်က ဝူဟန်မြို့ရဲ့သားရိုင်းတိရိစ္ဆာန်စျေးကွက်အနီးအနားမှာ ယိုစိမ့်ခဲ့တာဖြစ်ပြီး တရုတ်အာဏာပိုင်တွေက ထိန်းချူပ်ဖို့ကြိုးစားနေကြတယ်လို့လည်းဖော်ပြထားပါတယ်။

    BOOM website ဟာ ဒါဟာမှန်ကန်မှုမရှိတာကို တွေ့ရှိခဲ့ပြီး reddit စာမျက်နှာဖြစ်တဲ့ r/NoSleep website မှအခြေခံထားခဲ့တာဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။

    ဒီအကြောင်းအရာကို Wuhanvirusthrowaway ဆိုတဲ့ အသုံးပြုသူနာမည်နဲ့ ရေးသားထားခဲ့တာဖြစ်ပါတယ်။

    Website စာမျက်နှာမှာရေးသားသူတွေအတွက် လမ်းညွှန်မှုတချို့ကို ဖော်ပြထားပါတယ်။ အသုံးပြုသူတွေဟာ စာမျက်နှာမှာ ဇာတ်အိမ်ဖန်တီထားတဲ့ ဆောင်းပါးတွေကိုသာရေးသားရမှာဖြစ်ပြီး စစ်မှန်တဲ့အချက်အလက်တွေမပါဝင်ရပါဘူး။ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို အောက်မှာဖော်ပြထားပါတယ်။

    စာဖတ်သူတွေဟာစိတ်ကူးယဉ် ဆောင်းပါးတွေကို အမှန်တကယ်လို့ယူဆပြီး မှတ်ချက်ရေးသားရာမှာပါ တကယ်ဖြစ်ပျက်နေသလိုရေးသားရန်။

    မဟုတ်မှန်ကြောင်း မယုံကြည်ကြောင်း နဲ့ ဝေဖန်စာ တွေ မရေးရ။

    မှန်ကန်ကြောင်းသက်သေနှင့် ကိုးကားမှုအကျဉ်းချုပ်ကိုမတောင်းဆိုရန်

    တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားရန်။

    မှတ်ချက်များသည် ဆွေးနွေးမှုကို ထောက်ပံ့သော မှတ်ချက်များဖြစ်ရန်။

    စည်းမျဉ်းနှင့်မလျော်ညီသော မှတ်ချက်များအား ပေးပို့ပေးရန် စသဖြင့် ထည့်သွင်းသတ်မှတ်ထားသည်။

    Tags

    Fake NewsBio WeaponWuhanCorona virusCovidChinaChinese Intelligence Officer
    Read Full Article
    Claim :   ကိုရိုနာဗိုင်းရပ်စ် ဝူဟန်အသားငါးစျေးကနေပျံ့နှံ့ခဲ့တယ်ဆိုတဲ့အချက်ဟာ ဇီဝလက်နက်အဖြစ်အသုံးချခဲ့တာကို ဖုံးကွယ်ချင်ရုံသက်သက်ဖြစ်တယ်လို့ ဒီ Blog Post ကနေရေးသားခဲ့ပါတယ်
    Claimed By :  UfoSpotlight
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!