BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဟာရီကိန်းမုန်တိုင်း မီလ်တန်ရဲ့...
သတင်းအတု

ဟာရီကိန်းမုန်တိုင်း မီလ်တန်ရဲ့ လေတိုက်နှုန်း တစ်နာရီ ၂၅၄ မိုင် အထိရှိခဲ့တယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ အပတ်အတွင်းက တိုက်ခိုက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်ဝင်ရောက် တိုက်ခတ်ခဲ့ရာမှာ လေတိုက်နှုန်း တစ်နာရီ ၂၅၄ မိုင်နှုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆို‌ပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Oct 2024 9:30 PM IST
  • ဟာရီကိန်းမုန်တိုင်း မီလ်တန်ရဲ့ လေတိုက်နှုန်း တစ်နာရီ ၂၅၄ မိုင် အထိရှိခဲ့တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Moon-နေ့စဉ်သတင်း ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေ ထားတာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တစ်နာရီ ၂၅၄မိုင်နဲ့တိုက်ခတ်နေတဲ့ အမေရိကန် ဖလော်ရီဒါမြိုက ဟာရီကိန်းမုန်တိုင်း' လို့ ရေးသားထားပါတယ်။

    ဗီဒီယိုကလစ်ထဲမှာတော့ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားခဲ့တဲ့ မုန်းတိုင်းတိုက်ခတ်မှု၊ မြေပြိုမှု ရုပ်သံအပိုင်းအစ တွေနဲ့အတူ AI နဲ့ ဖန်တီးထားတဲ့ မုန်တိုင်းပုံရိပ်အချို့ကို ဖြတ်ညှပ်ဆက်ထားပြီး သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် အကြောင်းကို နောက်ခံပြောနဲ့ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူ များအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာ ဖန်တီးထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။

    National Hurricane Center ရဲ့ အချက်အလက်ကို ကိုးကားပြီး AP သတင်းဌာနမှာ အောက်တိုဘာလ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ အချက်အလက်တွေအရ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီကို ၁၈၀ မိုင်အောက်သာ ရှိခဲ့ပါတယ်။ အတိအကျ ဆိုရရင် လေတိုက်နှုန်းဟာ တစ်နာရီကို ၁၇၃ မိုင်အထိသာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


    ဒါ့အပြင် ရုပ်သံဖိုင်ထဲမှာ ထည့်သွင်းပြသထားတဲ့ ပုံရိပ်တွေထဲက အချို့သာ ဟာရီကိန်းမုန်တိုင်း မီလ်တန် တိုက်ခတ်ခဲ့တဲ့ ပုံရိပ်တွေကို ရိုက်ကူးထားတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ကျန်တဲ့ အများစုဟာ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ AI နဲ့ဖန်တီးထားတဲ့ ပုံတွေသာ ဖြစ်ပါတယ်။

    AP သတင်းဌာနမှာ ဖော်ပြထားတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် ရဲ့ လေတိုက်နှုန်းအကြောင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အမေရိကန်နိုင်ငံ ပြည်နယ်အချို့ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ အဆင့် ၄ မုန်တိုင်း ဟာရီကိန်း ဟယ်လင် ဝင်ရောက်တိုက်ခတ်ပြီး သီတင်းနှစ်ပတ်အတွင်း နောက်တစ်ကြိမ် အဆင့် ၅ မုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    Tags

    တစ်နာရီ ၂၅၄ မိုင်ဟာရီကိန်းHurricaneဟာရီကိန်းမုန်တိုင်းလေတိုက်နှုန်းWind speedWind speed 254 mphFakenewsသတင်းအမှား
    Read Full Article
    Claim :   ဟာရီကိန်းမုန်တိုင်း မီလ်တန်ရဲ့ လေတိုက်နှုန်း တစ်နာရီ ၂၅၄ မိုင် အထိရှိခဲ့တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!