BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အလောင်းမင်းတရား စစ်ဆင်ရေးမှ...
သတင်းအတု

အလောင်းမင်းတရား စစ်ဆင်ရေးမှ လက်နက်တွေ သိမ်းဆည်းရမိတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်းအတွင်းမှာ အလောင်းမင်းတရား စစ်ဆင်ရေးဆိုတဲ့ အမည်သုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်နှိမ်နင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေဆီက လက်နက်တွေ သိမ်းဆည်းရမိတယ်ဆိုပြီး ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  16 Nov 2021 10:01 PM IST
  • အလောင်းမင်းတရား  စစ်ဆင်ရေးမှ လက်နက်တွေ သိမ်းဆည်းရမိတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ ဖေစ့်ဘွတ်ဂရုတွေနဲ့ ပေချ့်တွေမှာ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး "အလောင်မင်းတရား စစ်ဆင်ရေးရဲ့ အလှူဒါန သို့လှူဒါန်းရသော အကျိုးအားကြောင့် တကောင်မှအသက်မရှင်ပါစေနဲ့။ ဥစ္စာရင်းမှန်ရင် ပြန်ရတယ်ဆိုတာဒါမျိုး။" ဆိုပြီး ရေးသားထားကာ သိမ်းဆည်းရမိတဲ့ စစ်လက်နက် အသုံးအဆောင်ပစ္စည်းတွေ ဓါတ်ပုံအပြင် ကြိုးတုပ်ထိုင်ခိုင်းထားတဲ့ လူနှစ်ဦးရဲ့ ဓါတ်ပုံလည်း ပါဝင်တာ တွေ့ရပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ ဓါတ်ပုံတွေကို စစ်ဆေးကြည့်ရာမှာ ပုံအများစုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လအတွင်းက ရက္ခိုင့်တပ်တော် အေအေက ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲ့ယမ်းတွေပုံတွေ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်အေအေက ဖမ်ဆီးရမိခဲ့တဲ့ ပဲခူးတိုင်းအခြေစိုက် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၇) ထံမှ DSA အပတ်စဉ် (၄၆) ဆင်း တပ်ရင်းမှူးဗိုလ်မှူး သက်နိုင်ဦးအပါအဝင် သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေရဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။


    DVB သတင်းဌာနမှာ ဖော်ပြထားခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ကြိုးတုပ်ခံထားရတဲ့ လူနှစ်ဦးဓါတ်ပုံနဲ့ စစ်ယူနီဖောင်းပုံတွေကတော့ Salween Press သတင်းဌာနမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖော်ပြထားတဲ့ "သထုံခရိုင် ပျဉ်းမပင်ဆိပ်ရွာမှာ စစ်ယူနီဖောင်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ KNLA သိမ်းဆည်းရမိ" ဆိုတဲ့ သတင်းက ဓါတ်ပုံတွေ ဖြစ်ပါတယ်။


    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    RFA သတင်းဌာနမှာ ဖော်ပြထားချက်အရ အလောင်းမင်းတရား စစ်ဆင်ရေးနဲ့ ပါတ်သတ်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဖြေကြားချက်အရ စစ်ကိုင်းတိုင်းထဲမှာ နာမည်တစ်ခုခုသုံးပြီး စစ်ဆင်ရေးဆင်နွှဲနေတာ မရှိဘူးလို့ ငြင်းဆိုထားတယ်လို့ ရေးသားထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    အလောင်မင်းတရားစစ်ဆင်ရေးweapons confiscatedmilitary council troopsစစ်ကိုင်းတိုင်းSagain Regionပြည်သူ့ကာကွယ်ရေးတပ်ရက္ခိုင့်တပ်တော် အေအေArakan ArmyMilitary Coup
    Read Full Article
    Claim :   စစ်ကိုင်းတိုင်းအတွင်းမှာ အလောင်းမင်းတရား စစ်ဆင်ရေးဆိုတဲ့ အမည်သုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်နှိမ်နင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေဆီက လက်နက်တွေ သိမ်းဆည်းရမိတယ်ဆိုပြီး ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!