BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်ကို တက်သိမ်းမယ်လို့ UWSA...
သတင်းအတု

နေပြည်တော်ကို တက်သိမ်းမယ်လို့ UWSA စစ်ကြေညာတယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်ကို တက်သိမ်းမယ်လို့ “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSA စစ်ကြောညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 July 2024 10:45 AM IST
  • နေပြည်တော်ကို တက်သိမ်းမယ်လို့  UWSA စစ်ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သတင်းထူးကြီးလာပြီ။ နေပြည်တော်ကို တက်သိမ်းမည်ဟု UWSA စစ်ကြေညာလိုက်ပြီ။ နေပြည်တော် ဗိုလ်ချုပ်ကြီးများ ထိတ်လန့်တုန်လှုပ်ကုန်ပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော်ကို တက်သိမ်းမယ်လို့ UWSA စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ MeKong News သတင်းဌာနမှာ ဇူလိုင်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'တပ်ဖွဲ့တွေ လားရှိုးကပြန်ဆုတ်သွားတဲ့ သတင်း UWSA ပြောခွင့်ရ ပုဂ္ဂိုလ်ငြင်း' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ နေပြည်တော်ကို တက်သိမ်းမယ်လို့ UWSA စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင် သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    MeKong News သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိမှာ UWSA အနေနဲ့ ‘မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ၏ သဘောထား ထုတ်ပြန်ချက်’ ဆိုပြီး ဇူလိုင် ၃၀ ရက်နေ့ ရက်စွဲနဲ့ စာတစ်စောင် ထုတ်ပြန်ထားပါတယ်။

    ဒီထုတ်ပြန်စာထဲမှာ မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်ပြိုကွဲမည့် အနေအထားသို့ ရောက်ရှိနေသဖြင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာရန် UWSA တိုက်တွန်းကြောင်း၊ ၂ဝ၂၁ ခုနှစ် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ပွားသည့်အချိန်မှ စပြီး "ဝ" ဒေသ အနေနဲ့ ဒီအရေးအခင်းမှာ ပါဝင်ပတ်သက်မှု မပြုလုပ်ကြောင်း၊ ဘက်မလိုက် မူဝါဒကို ကိုင်စွဲထားကြောင်းနဲ့ တိုင်းရင်းသား ပြည်သူ လူထုများမှ တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်မျှော်လင့်ပြီး စီးပွားရေး ပြန်လည် ကောင်းမွန်လာခြင်းနှင့် နေထိုင်မှုဘဝ ပုံမှန်လည်ပတ် လာစေလိုသည့် ဆန္ဒများ ပိုမိုပြင်းပြနေကြောင်း တွေ ရေးသားထားပါတယ်။

    Tags

    UWSA စစ်ကြေညာပြည်တွင်းစစ်Fakenewsသတင်းမှားထုတ်ပြန်ချက်announcement
    Read Full Article
    Claim :   နေပြည်တော်ကို တက်သိမ်းမယ်လို့ UWSA စစ်ကြေညာတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!