BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ကိုမထောက်ခံတဲ့ EAO တွေကို...
သတင်းအတု

NUG ကိုမထောက်ခံတဲ့ EAO တွေကို သူပုန်အဖြစ် သတ်မှတ်မယ့် ဥပဒေ အမေရိကန် ချမှတ်တယ်ဆိုတဲ့ သတင်းအမှား

NUG အစိုးရကို မထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို သူပုန်အဖြစ် သတ်မှတ်မည့် ဥပဒေ အမေရိကန် ချမှတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 Dec 2022 7:40 AM IST
  • NUG ကိုမထောက်ခံတဲ့ EAO တွေကို သူပုန်အဖြစ် သတ်မှတ်မယ့် ဥပဒေ အမေရိကန် ချမှတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို B BO ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၇ မိနစ်ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'NUG ကို EAo'sတွေ မထောက်ခံရင် အမေရိကန်က သူပုန်အဖြစ် သတ်မှတ်မည့် ဥဗဒေ ချမှတ်ပြီ' လို့ ရေးသားထားပြီး ဗွီဒီယိုကာဗာမှာလည်း 'စစ်ခွေးဘောမတွေ သေလို့ရပြီ။ NUG အစိုးရကို မထောက်ခံရင် နိုင်ငံသားဖြစ်ခွင့်မရှိ။ စစ်အုပ်စုရဲ့ သား၊ သမီးတွေ ပြည်နှင်ဒဏ်ခံရမည်။ နိုင်ငံခြားရောက် ဘောမတွေ အာဆီယံက ဖမ်းမိန့်ထုတ် (မူရင်းစကားလုံးအသုံးအနှုန်းအတိုင်း )' လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ၂၀၂၃ ခုနှစ် NDAA အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေမူကြမ်း အင်တာဗျူးနေတဲ့ အသံဖိုင်သာဖြစ်ပြီး ဒီထဲမှာ NUG အစိုးရကို မထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို သူပုန်အဖြစ် သတ်မှတ်ဆိုတဲ့ အကြောင်းအရာမျိုး ပါဝင်ခြင်းမရှိပါ။

    အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ မြန်မာစစ်တပ်ကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ရေးအတွက် အဓိကရည်ရွယ်တဲ့ဥပဒေဖြစ်ပါတယ်။

    အခုဖြန့်ဝေနေတာတွေဟာ တိုင်းရင်းအဖွဲ့အစည်းတွေနဲ့ NUG အစိုးရကို ထိပ်တိုက်တွေ့စေဖို့ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။ဒီဥပဒေကြမ်းထဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့အကူအညီတွေပေးဖို့ ထည့်သွင်းထားပါတယ်။

    အမေရိကန် အောက်လွှတ်တော်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က အတည်ပြုထားပြီးဖြစ်တဲ့ ဒီဥပဒေကြမ်းကို မကြာခင် အမေရိကန်သမ္မတ Joe Biden လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုမယ်လို့ မျှော်လင့်ရတယ်လို့ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
    အမေရိကန်အခြေစိုက် VOA သတင်းဌာနမှာလည်း ဒီဥပဒေကြမ်းအကြောင်း ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရော ဖတ်ရှု့နိုင်ပါတယ်။

    Tags

    NDAAAccountabilityActOf2021မြန်မာ့အရေးဥပဒေကြမ်းအမေရိကန်အထက်လွှတ်တော်BURMAActတိုင်းရင်းသား လက်နက်ကိုင်
    Read Full Article
    Claim :   NUG အစိုးရကို မထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို သူပုန်အဖြစ် သတ်မှတ်မည့် ဥပဒေ အမေရိကန် ချမှတ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!