BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NDAA နဲ့ပတ်သက်ပြီး...
သတင်းအတု

NDAA နဲ့ပတ်သက်ပြီး လွဲမှားရေးသားထားတဲ့အကြောင်းအရာ

အမေရိကန်လွှတ်တော်က Burma Act 2021 ကို ထောက်ခံမဲ 88မဲ ကန့်ကွက်မဲ11 နဲ့အတည်ပြုလိုက်ပြီး သမ္မတဘိုင်ဒန် လက်မှတ်ထိုးဖို့ ပေးပို့လိုက်တယ်ဆိုပြီး ဖြန့်ဝေနေတာတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  29 Dec 2021 7:21 PM IST
  • NDAA နဲ့ပတ်သက်ပြီး လွဲမှားရေးသားထားတဲ့အကြောင်းအရာ

    ဒီသတင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး "Burma Act 2021 ကို အမေရိကန်လွှတ်တော်ကထောက်ခံမဲ 88မဲ ကန့်ကွက်မဲ11 နဲ့ အနိုင်ရရှိပြီး အတည်ပြုလိုက်ကြောင်း၊ ဒီဥပဒေအရ ကာကွယ်ရေးက ဒေါ်လာ 770 ဘီလီယံ ရသွားပြီဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို စစ်ရေးအရကူညီနိုင်ဖို့ ဒီရံပုံငွေထဲကကျခံသုံးစွဲနိုင်မယ်မှာ ဖြစ်ကြောင်း၊ ဒီအတွက် Burma Act 2021 ကိုမကြာခင်မှာ House ကတင်ထားတာ Senate က ခွင့်ပြုလို့ရအောင် Mitch McConnell က အတည်ပြု ပေးလိုက်တာ ဖြစ်ကြောင်းနဲ့ Burma act ဆက်ခွင့်ပြုပြီးပါက NUG အနေနဲ့ လက်နက်တွေကို တရား၀င် ၀ယ်လို့ရပြီဖြစ်ကြောင်း" တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေ့ရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရေးသားမှုတွေအရ အခုဖြန့်ဝေနေမှုတွေဟာ နားလည်မှုလွဲနေခြင်းသာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အမေရိကန် ကွန်ဂရက်က အတည်ပြုပြီး သမ္မတဂျိုးဘိုင်ဒန်ဆီ ပို့လိုက်တဲ့ ဥပဒေဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ပြုခြင်း အက် ဥပဒေ - NDAA နဲ့ပတ်သက်ပြီးနားလည်မှုလွဲမှားစွာရေးသားထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ပြုခြင်း အက်ဥပဒေဟာ ၁၉၆၁ ခုနှစ်ကစပြီး နှစ်စဉ်ပြဌာန်းခဲ့တဲ့ အက်ဥပဒေဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြဌာန်းတဲ့ အက်ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပါတ်သတ်တဲ့ အချက်တွေပါဝင်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း The Burma Act 2021 ကိုတော့ အမေရိကန်အောက်လွှတ်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ Burma Act နဲ့ NDAA မတူကြောင်း၊ NDAA က နှစ်စဉ်အစိုးရရဲ့ အသုံးစရိတ်တွေကို လွှတ်တော်ကော်မတီက ပြဌာန်းတဲ့သဘော ဖြစ်ကြောင်း၊ Burma bill (ခေါ်) The Burma Act 2021 ဆိုတာကတော့ ဗမာပြည်အတွက် သီးခြားဥပဒေတစ်ခု ပြဌာန်းတဲ့ ဥပဒေဖြစ်ကြောင်း၊ Burma Act ဥပဒေကို ရေးဆွဲနေတာ အာဏာမသိမ်းခင် နှစ်အတန်ကြာကတည်းက ရေးဆွဲနေတာ ဖြစ်ကြောင်း" DVB သတင်းဌာနနဲ့ အင်တာဗျူးမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားထားပါတယ်။


    DVB သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ NDAA ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီအရေးကို ပိုမိုတွန်းအားပေးနိုင်မှာ ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း တရားဝင် မဟာဗျူဟာကျ ကူညီနိုင်မယ့်အပြင် စစ်ကောင်စီကို အရေးယူနိုင်ဖို့ ကိစ္စတွေကို ပိုမိုလုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

    Tags

    The Burma Act 2021US SenateUS House of Representativesသမ္မတဘိုင်ဒန်President BidenNDAA
    Read Full Article
    Claim :   အမေရိကန်လွှတ်တော်က Burma Act 2021 ကို ထောက်ခံမဲ 88မဲ ကန့်ကွက်မဲ11 နဲ့အတည်ပြုလိုက်ပြီး သမ္မတဘိုင်ဒန် လက်မှတ်ထိုးဖို့ ပေးပို့လိုက်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!