BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • တရုတ်ကို UWSA “ဝ” တပ်ဖွဲ့...
      သတင်းအတု

      တရုတ်ကို UWSA “ဝ” တပ်ဖွဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

      တရုတ်နိုင်ငံရဲ့ ဖိအားပေး အကြပ်ကိုမှုကို မခံနိုင်တဲ့အတွက် UWSA “ဝ” တပ်ဖွဲ့ က တရုတ်ကို အင်အားသုံး ပြန်လည် တိုက်ခိုက်တယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  29 Nov 2024 12:43 PM
    • တရုတ်ကို UWSA “ဝ” တပ်ဖွဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Khit Thit Broadcasting ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြန်ပေးဆွဲတဲ့ နည်းနဲ့ အကြပ်ကိုင်တဲ့ တရုတ်ကို ဝ တပ်ဖွဲ့ UWSA အင်အားသုံးပြီး တိုက်ခိုက်ပြီ။ တရုတ်ရဲ့ ဖိအားပေးမှုကြားထဲက မြို့သုံးမြို့ကို သိမ်းပိုက်လိုက်တဲ့ တော်လှန်ရေးအဖွဲ့များ' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      တရုတ်ကို UWSA “ဝ” တပ်ဖွဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ MNDAA ခေါင်းဆောင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ ဖိအားပေးတဲ့ သတင်းတွေကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာထဲမှာ တရုတ်ကို UWSA “ဝ” တပ်ဖွဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      လက်ရှိမှာ UWSA “ဝ” တပ်ဖွဲ့ အနေနဲ့ ထိုင်းနိုင်ငံနဲ့ နယ်မြေအငြင်းပွားမှု ပြဿနာတွေ ဖြစ်ပွားနေပါတယ်။

      ထိုင်းနဲ့ မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာ အခြေစိုက်တဲ့ UWSA ရဲ့ ၁၇၁ စစ်ဒေသက တပ်စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံး ထားဖယ်ရှားဖို့ ထိုင်းနိုင်ငံဘက်က တောင်းဆိုထားပါတယ်။

      လက်ရှိပြဿနာဖြစ်နေတဲ့ ဒေသတွေဟာ မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နဲ့ ပုံပါကျင် ဒေသအတွင်း မြို့နယ်တွေကို “ဝ” တောင်ပိုင်း ၁၇၁ စစ်ဒေသလို့ UWSA “ဝ” တပ်ဖွဲ့က သတ်မှတ်ထားတာပါ။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      China policyတရုတ်အရေးဝ တပ်ဖွဲ့ဝ ပြည်နယ်Fakenewsသတင်းတု
      Read Full Article
      Claim :   တရုတ်ကို UWSA “ဝ” တပ်ဖွဲ့ တိုက်ခိုက်တယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!