BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ယူကရိန်း စစ်ဘက်က ဟားမတ်စ်တွေကို...
သတင်းအတု

ယူကရိန်း စစ်ဘက်က ဟားမတ်စ်တွေကို လက်နက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းအတု

ယူကရိန်း စစ်ဘက်က အနောက်အုပ်စုက ပေးတဲ့ လက်နက်တွေကို ပါလက်စတိုင်း အစ္စလမ်မစ်အုပ်စု ဟားမတ်စ်တွေထံ ရောင်းချခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတု့အကြောင်းအရာတွေဟာ သတင်းအမှားတွေသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Oct 2023 10:25 AM IST
  • ယူကရိန်း စစ်ဘက်က ဟားမတ်စ်တွေကို လက်နက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာကို စစ်တပ်အားပေးထောက်ခံတဲ့ ပိုစ့်တွေ ရေးသားဖြန့်ဝေနေတဲ့ Ko Gyi Soon ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေထားတဲ့ ဟားမတ်စ်တွေရဲ့ လက်နက်အကြောင်း ပိုစ့် ၂ ခုရဲ့ ဓာတ်ပုံတွေနဲ့အတူ ‘"ပုတ်သင်ဥ တူးရင် ညောင်မြစ်ပေါ်။ အစ္စရေးကို ပါလက်စတိုင်း Hamas တွေ ဝင်တိုက်ရာကနေ သပွတ်အူဇာတ်လမ်းတွေ ထွက်လာတယ်။ ယူကရိန်းကို အနောက်အုပ်စုပေးကမ်းနေတဲ့ လက်နက်တွေ ယူကရိန်း ခြစား အဂတိ စက်ဘက်က Hamas တွေကို မှောင်ခို ရောင်းစားလိုက်ကြတယ်တဲ့။ တပည့်လိမ္မာလေးက ဆရာ သူကြီးပွကိုကျေးဇူးဆပ်လိုက်တာ။ စစ်တိုက်ဟန်ပြ၊ လက်ကြိတ်ထိုး ရောင်းစား။ တချို့တဝက် ကယားထဲရောက်လာနိုင်၏။ မွှေချက်က။ ဇာတ်ကမပြီးသေး။ နောက်ဆက်တွဲတွေ လာတော့မယ်။ အရပ်သားတွေ နေတဲ့ ပါလက်စတိုင်း အိမ်ယာ တာဝါတခု ဗုံးကြဲခံရတယ်။ သူ့ဘက်ကိုယ့်ဘက်တွေ Confrontation ဖြစ်လာပြီး ကမ္ဘာစစ်ကို ဦးတည်မှုတွေမဖြစ်ရန် ဆုတောင်းကြပေတော့ လို့ ရေးသားဖြန့်ဝေထားတာပါ။

    မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ အနေနဲ့ သူတို့ရဲ့ မိတ်ဘက် ရုရှားဘက်က ဝါဒဖြန့်လုပ်ရပ်တွေကို အားပေးထောက်ခံတဲ့ အနေနဲ့ လုပ်ကြံ ဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    ယူကရိန်းဟာ မိတ်ဘက် အနောက်နိုင်ငံနိုင်ငံတွေဆီက ရရှိတဲ့ လက်နက်တွေကို ဟားမတ်စ် အဖွဲ့ထံ လွှဲပြောင်းပေးနေတယ်ဆိုပြီး ရုရှားဝါဒ ဖြန့်ချိနေသူတွေက လုပ်ကြံသတင်းတွေ လွှင့်နေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားကြောင်း၊ ဝါဒ ဖြန့်သူတွေဟာ ဟားမတ်စ် စစ်သွေးကြွတွေက ယူကရိန်းလက်နက်တွေကို ပြနေတဲ့ ဗီဒီယိုတွေကို ဖြန့်ဝေနေပြီး ပိုစ့်အောက်မှာ အာရပ် ဘာသာစကားနဲ့ 'အကြမ်းဖက်သမားတွေကို အနောက်တိုင်းလက်နက်တွေ ရောင်းချနေတဲ့ ယူကရိန်း' ဆိုပြီး မှတ်ချက်တွေ ပေးဆို နေကြောင်း၊ တကယ်တော့ ယူကရိန်းအနေနဲ့ ဒါမျိုးပြုလုပ်လို့ မရကြောင်း၊ မိတ်ဘက် အနောက်နိုင်ငံတွေဟာ ရုရှားကို တိုက်ဖို့ ပေးထားတဲ့ သူတို့ရဲ့ လက်နက်တွေနဲ့ ပက်သတ်ပြီး အနီးကပ်စောင့်ကြည့်နေတာ ဖြစ်ကြောင်း ယူကရိန်းအမျိုးသားသတင်းအေဂျင်စီ Ukrinform မှာ ပြန်လည်ဖြေရှင်းထားတာ တွေ့ရပါတယ်။


    Ukrinform မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် အောက်တိုဘာလ ၉ ရက်နေ့က Newsweek သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာတော့ ရုရှားဟာ ယူကရိန်း တပ်ဖွဲ့တွေဆီက သိမ်းဆည်းရမိတဲ့ အမေရိကန်နိုင်ငံလုပ် လက်နက်တွေနဲ့ အနောက်တိုင်း လက်နက်တွေကို အစ္စရေးတောင်ပိုင်းနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်နေတဲ့ ဟားမတ်စ်တွေဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးက ပြောကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

    ဒီအကြောင်းနဲ့ ပက်သတ်ပြီး Newsweek က ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို အီးမေးလ်မှတစ်ဆင့် မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ရာ မှာတော့ ယူကရိန်းစစ်တပ်ဟာ အလံအတု စစ်ဆင်ရေး အဖြစ် အနောက်နိုင်ငံတွေက လှူထားတဲ့ လက်နက်တွေကို ဟားမတ်စ်တွေဆီ ရောင်းချနေတယ်လို့ မော်စကိုဘက်က ပြန်လည်စွတ်စွဲပြောဆိုထားပါတယ်။

    သတင်းထဲမှာ ရုရှားနိုင်ငံအနေနဲ့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို လက်နက်အဖြစ်အသုံးချပြီး ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ စိတ်ဝင်စားမှု မရှိတော့အောင် အထောက်အပံ့တွေ ဖြတ်တောက်ဖို့ လုပ်နေတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

    Newsweek သတင်းစားမှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ ဟားမတ်စ်အရေးမတိုင်မီ ပြီးခဲ့တဲ့ နှစ်အတွင်း ကတည်းက ရုရှားနိုင်ငံပိုင် ရုပ်သံတွေမှာ ယူကရိန်းတွေဟာ အမေရိကန် တွေ လှူထားတဲ့ လက်နက်တွေကို အွန်လိုင်းပေါ်က မှောင်ခိုစျေးကွက် (dark web) မှာ ရောင်းချ နေတယ်ဆိုပြီး အခိုင်အမာ ပြောဆို နေတဲ့အတွက် ဘီဘီစီ သတင်းဌာနက သတင်းစုံစမ်း ရေးသားခဲ့ရာမှာတော့ လက်နက်ကြော်ငြာ အတုတွေသာ ဖြစ်နေတယ်လို့ ‌ရေးသားဖော်ပြထား ပါတယ်။


    သတင်းထဲမှာ ရုရှားထောက်ခံသူတွေက အွန်လိုင်းပေါ်မှာ ယူကရိန်းတပ်မတော်ရဲ့ အမိန့်အရ နေတိုး ထောက်ပံ့ပေးတဲ့ စက်ပစ္စည်းတွေနဲ့ လက်နက်တွေကို ပြန်လည်ရောင်းချနေတယ်လို့ ပိုစ့်တွေ တင်ထားကြောင်း၊ ပိုစ့်မှာ ပါတဲ့ ဓာတ်ပုံတွေမှာ အမေရိကန်လုပ် တင့်ကားဖျက်ဒုံးကျည်စနစ်ဖြစ်သော FGM-148 Javelin ကို ဒေါ်လာ 30,000 နဲ့ ရောင်းချပြီး ယူကရိန်း-ပိုလန်နယ်စပ်ကို ပို့ဆောင်မယ်လို့ ပြောထားကြောင်း၊ ဒီပိုစ့်တွေကို ရုရှားနိုင်ငံပိုင် ရုပ်သံတွေက မြန်မြန်ဆန်ဆန်ပဲ ပြန်လည် ဖော်ပြကြောင်း၊ ရောင်းချသူတွေက သူတို့ရဲ့ တည်နေရာကို ယူကရိန်းမြို့တော် ကိယက်ဗ်လို့ ရေးထားပေမယ့် မြို့တော် အမည်ကို ယူကရိန်း ဘာသာနဲ့ စာလုံးပေါင်း မှားနေကြောင်း၊ လက်နက်ရောင်းသူတွေ ဖော်ပြထားတဲ့ လက်နက်ပုံတွေကို BBC က စုံစမ်း ကြည့်ရာမှာ ၂၀၁၄ ခုနှစ်လောက်က ပုံဟောင်းတွေကို ပြန်လည်အသုံးပြု လိမ်လည်ထားတာ ဖြစ်ကြောင်း၊ အွန်လိုင်းမှာ ကြောငြာ တင်ပြီး လက်နက်ရောင်းနေသူတွေကို ဘီဘီစီက ဝယ်ယူသူဟန်ဆောင် စကားပြောကြည့်ရာမှာလည်း ရုရှားဘာသာစကား ပြောဆို သူတွေ ဖြစ်ကြောင်း ရေးသားထားပါတယ်။

    ဘီဘီစီ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ယူကရိန်း စစ်ဘက်က ဟားမတ်စ်တွေထံ လက်နက်တွေ ရောင်းချတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ ယူကရိန်းအပေါ် အနောက်နိုင်ငံတွေရဲ့ စိတ်ဝင်စားမှုလျော့ကျပြီး အထောက်အပံ့တွေ ပြတ်တောက်ဖို့ ရုရှားဝါဒဖြန့်သမားတွေက လုပ်ကြံရေးသား ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    Tags

    Ukrainesells weaponsHamasယူကရိန်းလက်နက်ရောင်းချရုရှားဝါဒဖြန့်ဟားမတ်စ်အရေးFakenews
    Read Full Article
    Claim :   ယူကရိန်း စစ်ဘက်က ဟားမတ်စ်တွေထံ လက်နက်တွေ ရောင်းချခဲ့တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!