BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးကျော်မိုးထွန်း ရာထူးကနေ...
သတင်းအတု

ဦးကျော်မိုးထွန်း ရာထူးကနေ ဖယ်ရှားခံရတယ်ဆိုတဲ့ သတင်းအမှား

တရုတ်နဲ့ ရုရှားရဲ့ ဖိအားပေးမှုကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ရာထူးက ဖယ်ရှားခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Dec 2022 5:02 PM IST
  • ဦးကျော်မိုးထွန်း ရာထူးကနေ ဖယ်ရှားခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Meal Up ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး မှတ်ချက်ပေးသူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်နဲ့ ရုရှားတို့ရဲ့ ကုလသမဂ္ဂကို ပူးပေါင်းဖိအားပေးမှု' လို့ ရေးသားကာ ဗွီဒီယိုဖိုင် ကာဗာပုံပေါ်မှာတော့ 'သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂရာထူးကနေ ဖယ်ရှားခံရ' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂရာထူးကနေ ဖယ်ရှားခံရ ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ သတင်းကို ဝင်ရောက်ကြည့်ရှု့ရင် ALJAZEERA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို ပြည်တွင်း သတင်းဌာနတစ်ခုမှာ ဘာသာပြန်ဖော်ပြထားတဲ့ 'တရုတ်နဲ့ရုရှားက သံအမတ်ကြီး ဉီးကျော်မိုးထွန်းကို ကုလမှာ မြန်မာ ကိုယ်စားပြုခွင့်ရတာ မမြင်တွေ့လို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂရာထူးကနေ ဖယ်ရှားခံရဆိုတဲ့ အကြောင်းအရာကို အခြားပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုး မရှိသလို ALJAZEERA သတင်းဌာနက ဖော်ပြထားတဲ့ မူရင်းသတင်းမှာလည်း ပါဝင်ခြင်း မရှိပါဘူး။


    မူရင်းသတင်းမှာ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်ရှိလာတဲ့ ရုရှားနိုင်ငံကြောင့် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မယ့်အစီအစဉ်ကို ကုလသမဂ္ဂက ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ အကြောင်းပဲ ဖော်ပြထားတာပါ။

    ALJAZEERA သတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    မြန်မာအမြဲတမ်းကိုယ်စားလှယ်Representative of Myanmarthe United Nationsကိုယ်စားပြုခွင့်UN delays Myanmar representation decision
    Read Full Article
    Claim :   တရုတ်နဲ့ ရုရှားရဲ့ ဖိအားပေးမှုကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ရာထူးက ဖယ်ရှားခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!