BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကိုင်းတိုင်း ဆားတောင်မှာ...
သတင်းအတု

စစ်ကိုင်းတိုင်း ဆားတောင်မှာ ဆေးတပ်သူ တစ်ဦးကျဆုံးတယ်ဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်းရှိ မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၀ အရွယ် ဆေးတပ်သူ တိုက်ပွဲမှာ ကျဆုံးသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  8 Feb 2023 2:36 PM IST
  • စစ်ကိုင်းတိုင်း ဆားတောင်မှာ ဆေးတပ်သူ တစ်ဦးကျဆုံးတယ်ဆိုတဲ့ သတင်းအတု

    ဒီသတင်းကို မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နာမည်ကြီး သတင်းဌာနတွေအပါအဝင် လူမှုမီဒီယာအသုံးပြုသူတွေကြားမှာ ထပ်ဆင့်ဖြန့်ဝေမှု တွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ လမ်းဘေးမြက်တောတစ်နေရာမှာ လဲကျနေတဲ့ အမျိုးသမီးငယ်ဓါတ်ပုံအပါအဝင် အခြားမိန်းကလေး ဓါတ်ပုံ ၂ ပုံနဲ့ အတူ

    ‘မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးတပ်သူ မဆုမွန်ထက် အသက် ၂၀ နှစ်ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ တိုက်ပွဲမှာ ကျည်ထိမှန်ပြီး အသက်ပေးလှူသွားကြောင်း၊ ကျဆုံးသွားသော မဆုမွန်ထက်ရဲ့ မိသားစုနဲ့အတူ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်များအားလုံး ဝမ်းနည်း ကြေကွဲကြောင်းနဲ့ မဆုမွန်ထက်)ကို မြန်မာ့နွေဦးတော်လှန်ရေး သူရဲကောင်းအဖြစ် မော်ကွန်းတင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း’ တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဖြန့်ဝေထားတဲ့ ဆေးတပ်သား ရဲမေကျဆုံးတယ်ဆိုတဲ့ သတင်းဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဓါတ်ပုံထဲက လမ်းဘေးမြက်တောတစ်နေရာမှာ လဲကျနေတဲ့ အမျိုးသမီးငယ်ဓါတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးတဲ့ သတင်းက ဓါတ်ပုံပဲ ဖြစ်ပါတယ်။

    ဒီဓါတ်ပုံကို မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ပြုပြင်ပြီး မဆုမွန်ထက်သေဆုံးနေတဲ့ ပုံစံမျိုးနဲ့ လုပ်ကြံသတင်း ဖန်တီးဖြန့်ဝေခဲ့ခြင်းသာ ဖြစ်ပါတယ်။

    အောက်ပါပုံကို ကြည့်ရှုပါ။


    ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၁ ခုနှစ် က ဖြစ်ပွားခဲ့ ဒီသတင်းမူရင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ ဗိုလ်မုန်တိုင်းဆိုတဲ့ အမည်နဲ့ မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ ဖေစ့်ဘွတ်ပေချ့်အတုထောင်ပြီး မစ်ရှင်အတုတွေနဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတာဖြစ်တယ်လို့ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့တွေက သတင်းမီဒီယာတွေကို ဆက်သွယ်ပြောကြားထားတဲ့အကြောင်းလည်း သိရပါတယ်။

    မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ကမှ ထောင်ထားတဲ့ ပေချ့်ဖြစ်ပြီး ဒီသတင်း ဖြစ်စဉ်မရှိခဲ့ဘူးလို့ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့တွေက ထုတ်ပြန်ထားကြောင်း အချို့သတင်းမီဒီယာတွေမှာ ပြန်လည်ဖြေရှင်းထားပါတယ်။

    မီဒီယာတွေမှာ ပြန်လည်ဖြေရှင်းထားချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    Tags

    20-year-old medic diedမြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့FakenewsUnderground Lightning Guerrilla Groupဆေးတပ်သူကျဆုံးMilitary Coup
    Read Full Article
    Claim :   စစ်ကိုင်းတိုင်းရှိ မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၀ အရွယ် ဆေးတပ်သူ တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!