BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • TNLA တပ်ဖွဲ့ဝင်တွေက ဘုရားတွေ...
      သတင်းအတု

      TNLA တပ်ဖွဲ့ဝင်တွေက ဘုရားတွေ ဖြိုပြီး ဌာပနာတွေ ယူနေတယ်ဆိုတဲ့ သတင်းအမှား

      TNLA တပ်ဖွဲ့ဝင်တွေက စစ်အသုံးစရိတ် လိုအပ်လာတဲ့အတွက် နမ့်စမ်မြို့အဝင်က စေတီတစ်ဆူကို ဘတ်ဟိုးနဲ့ ဖြိုချပြီး ဌာပနာတွေ ယူဆောင်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားအောင် တမင်လုပ်ကြံ ဖြန့်ဝေနေတဲ့ သတင်းအမှား တွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  26 Jan 2024 5:48 PM IST
    • TNLA တပ်ဖွဲ့ဝင်တွေက ဘုရားတွေ ဖြိုပြီး ဌာပနာတွေ ယူနေတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာတွေကို စစ်တပ်ထောက်ခံသူတွေကြားမှာ ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘စစ်အသုံးစရိတ်လိုအပ်နေတဲ့TNLA ဘုရားဖြိုပြီး ဌာပနာဖောက်ယူ’ လို့ ရေးသားထားပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ ‘ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်စမ်မြို့အဝင် တောင်ကုန်းပေါ်မှာ ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းဆင် တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်ကို ပလောင်အကြမ်းဖက် သောင်းကျန်းသူ TNLA တွေက ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ကာ ဘတ်ဟိုးနဲ့ ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်မှာ အပြီးသတ် ပြိုကျပျက်စီးသွားခဲ့ပြီး စေတီတော် အတွင်းမှာ ဌာပနာထားတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေက ယူဆောင် သွားခဲ့တယ်လို့ သိရပါတယ်။ ဖြိုချဖျက်ဆီးခံခဲ့ရတဲ့ စေတီတော်ဟာ စော်ဘွားကြီးတွေက တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းစေတီ တစ်ဆူဖြစ်တာကြောင့် ရှေးဟောင်းအဖိုးတန် ရတနာတွေကို ဌာပနာ ထည့်သွင်းခဲ့နိုင်တာကြောင့် စစ်အသုံးစရိတ်လိုအပ်နေတဲ့ ပလောင်အကြမ်းဖက်သောင်းကျန်းသူ TNLA တွေက အခုလို ဖြိုချပြီး ယူဆောင်သွားကြတာဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက် သောင်းကျန်းသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ဘုရားစေတီ ပုထိုးတွေနဲ့ သာသနိက အဆောက်အအုံတွေကို ဖြိုချဖျက်ဆီး နေရုံတင်မကပဲ စစ်အသုံးစရိတ်အတွက် စေတီတော်တွေကို ဖြိုချဖျက်ဆီးပြီး စေတီတော်အတွင်းက ဌာပနာတော်တွေ ကိုပါ ဖောက်ထွင်းယူဆောင် နေကြပြီဖြစ်တယ်လို့ သိရပါတယ်’ လို့ နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်အသုံးစရိတ်လိုအပ်နေတဲ့TNLA ဘုရားဖြိုပြီး ဌာပနာဖောက်ယူဆိုတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေဘက်က ဝါဒဖြန့် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ကောင်းကင်က ရိုက်ယူထားတဲ့ ဓာတ်ပုံလို့ ယူဆရတဲ့ မပီပြင်တဲ့ ပုံတစ်ကို ပြသကာ နောက်ခံစကားပြောနဲ့ စွပ်စွဲပြောဆို ထားချက်တွေသာ ဖြစ်ပြီး စေတီတွေမှာ ဌာပနာ ဖောက်ထားတဲ့ ဓာတ်ပုံ (သို့မဟုတ်) ဌာပနာပစ္စည်းတွေရဲ့ ပုံတွေစတဲ့ အထောက်အထား အချက်အလက် ခိုင်ခိုင်မာမာ ပြသထားတာ ရှိမနေပါဘူး။

      ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်စစ်သားတစ်ဦး စေတီတစ်ဆူကို တူနဲ့ ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာတဲ့အတွက် မြို့နယ်အချို့မှာ အမျိုးသားရေး လှုပ်ရှားသူအချို့ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

      ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီးရှိ ပွိုင့်၂၀၂၂ တောင်ကုန်းပေါ်က စေတီတစ်ဆူကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က တူနှင့်ထု၍ ဖြိုချနေတဲ့ ရုပ်သံ ထွက်ပေါ်ခဲ့တာပါ။

      ဒီကိစ္စနဲ့ ပက်သတ်ပြီး တောင်းပန်ကြောင်းနဲ့ ကျူးလွန်သူကို အရေးယူမှာဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ဇန်နဝါရီ ၉ မှာ ထုတ်ပြန်ချက် ထုတ်ထားပါတယ်။


      ဒီအကြောင်းအရာကို သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ဒီရက်ပိုင်းမှာ စစ်တပ်လော်ဘီလုပ်ပြီး သတင်းအမှားတွေ ဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေမှာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေတွေ ဖြစ်အောင် ရေးသားဖြန့်ဝေမှုတွေ များလာတာ တွေ့ရပါတယ်။

      ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

      Tags

      ဘုရားဌာပနာဖောက်ထွင်းလူမျိုးရေးပဋိပက္ခဘာသာရေးပဋိပက္ခethnic conflictsReligious conflictsဘာသာမဲ့Fakenewsလော်ဘီသမား
      Read Full Article
      Claim :   TNLA တပ်ဖွဲ့ဝင်တွေက ဘုရားတွေ ဖြိုပြီး ဌာပနာတွေ ယူနေတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!