BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင်နဲ့ ဒုချုပ်တို့...
သတင်းအတု

စစ်ခေါင်းဆောင်နဲ့ ဒုချုပ်တို့ အစည်းအဝေးအတွင်း ပြဿနာဖြစ်တယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုချုပ် စိုးဝင်းတို့ အစည်းအဝေးလုပ်နေစဉ်အတွင်း ပြဿနာဖြစ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 Jan 2024 5:49 PM IST
  • စစ်ခေါင်းဆောင်နဲ့ ဒုချုပ်တို့ အစည်းအဝေးအတွင်း ပြဿနာဖြစ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Daily Square ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖေစ့်ဘွတ်ပေချ့် အချိုမှာလည်း ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဒုချုပ်စိုးဝင်းနဲ့အဖွဲ့ရဲ့ တပ်တွင်းပုန်ကန်မှူများလား။ အစည်းအဝေး လုပ်နေတုန်း စိုးဝင်းအဖွဲ့နဲ့ မင်းအောင်လှိုင်အဖွဲ့ ပြသနာဖြစ်’ လို့ရေးသား ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အစည်းအဝေးလုပ်နေတုန်း စစ်ခေါင်းဆောင်နဲ့ ဒုချုပ်အဖွဲ့ကြား ပြသနာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ လက်ရှိစစ်ကောင်စီ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး တဖက်သတ်အမြင်တွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ အစည်းအဝေးလုပ်နေတုန်း စစ်ခေါင်းဆောင်နဲ့ ဒုချုပ်အဖွဲ့ကြား ပြသနာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဒီလိုသတင်းမျိုးကိုလည်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    အာဏာလုMin Aung HlaingSoe WinFakenewsMilitary Coupစစ်ခေါင်းဆောင်တပ်တွင်းပုန်ကန်မှု
    Read Full Article
    Claim :   စစ်ခေါင်းဆောင်နဲ့ ဒုချုပ်တို့ အစည်းအဝေးအတွင်း ပြဿနာဖြစ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!