BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Burma Act အရ အမေရိကန်က...
သတင်းအတု

Burma Act အရ အမေရိကန်က လက်နက်ပို့တယ်ဆိုတဲ့ သတင်းအမှား

Burma Act အရ အမေရိကန်အစိုးရက မြန်မာတော်လှန်ရေးတက်တွေဆိကို လက်နက်တွေ ပို့ပေးတယ်ဆိုပြီး ရေးသား‌ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Feb 2025 9:39 AM IST
  • Burma Act အရ အမေရိကန်က လက်နက်ပို့တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''2025 မှာ တော်လှန်ရေးအရှိန် တက်မည့်သတင်း။ Burma Act နဲ့ အမေရိကန် လက်နက်ပို့ပြီ။ တရုတ် စွပ်ဖက် ကန်သမ္မတ ဒေါကန်ပြီး လက်နက်ပို့။ အမေရိကန်က အနိုင်ကျင့် ကျူးကျော်မည်ဟု တပ်မှာ သတင်းဖြန့်' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Burma Act အရ အမေရိကန်က လက်နက်ပို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ RFA သတင်းဌာနမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာဟာ အမေရိကန် လုံခြုံရေး ထိခိုက်စေတယ်လို့ ဆက်လက်သတ်မှတ်ချက်ကို ဒီမိုကရေစီအင်အားစုတွေ ကြိုဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ 'မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသေးတဲ့ နိုင်ငံ ဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆက်လက်သတ်မှတ်လိုက်ကြောင်း၊ ၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီ ၁၀ ရက်နေ့ က သတ်မှတ်ထားတဲ့ ဒီအရေးပေါ် ကြေညာချက်ကို ၂၀၂၅ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းမှာ ဆက်လက် အကျုံးဝင်မှာ ဖြစ်ကြောင်း၊ အခုလိုသက်တမ်းတိုးလိုက်တဲ့အတွက် အခက်အခဲဖြစ်နေတဲ့မြန်မာပြည်သူတွေအတွက် အလားအလာ ကောင်းနိုင်တယ်လို့ အမေရိကန်ပါမောက္ခ ဇက်ခါရီအဘူဇာက သုံးသပ်ကြောင်း' ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ Burma Act အရ အမေရိကန်က လက်နက်ပို့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    weaponsUS helped Weaponsလက်နက်ထောက်ပံ့သတင်းတုFakenewsBurma Act
    Read Full Article
    Claim :   Burma Act အရ အမေရိကန်က လက်နက်ပို့တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!