BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အာဏာသိမ်းစစ်ခေါင်းဆောင်ကို...
      သတင်းအတု

      အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

      အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အမေရိကန်အစိုးရက ဒေါ်လာ ၅သန်းနဲ့ ဖမ်းဝရမ်းထုတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  23 Feb 2025 4:27 PM IST
    • အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို စစ်ကောင်စီကို တော်လှန်နေတယ်ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံကို အသုံးပြုပြီး အမေရိကန်အစိုးရရဲ့ ဝက်ဘ်ဆိုက်လင့်တွေနဲ့အတူ 'အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အမေရိကန်အစိုးရမှဒေါ်လာ ၅သန်းဖြင့် ဖမ်းဝရမ်းထုတ် ။ အောက်ပါ ဖေါ်ပြထားတဲ့ လင့်မှာ အမေရိကန်အစိုးရရဲ့ တရားဝင် စာမျက်နှာမှာ အင်္ဂလိပ်လို ရေးသား ဖေါ်ပြထားပါတယ်။ အမေရိကန် နိုင်ငံအနေဖြင့် လူသားများအပေါ် စစ်ရာဇဝတ်မှုများကျုးလွန်ခြင်း၊ လူမျိုးတစ်မျိုးလုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း (သို့မဟုတ်) စစ်ရာဇဝတ်မှုကျုးလွန်သည့် တရားခံများအား ဖမ်းဆီးနိုင်ရန်ဖြစ်စေ၊ ဖမ်းဆီးပေးသူများကိုဖြစ်စေ (သို့မဟုတ်) စီရင်ချက် ချမှတ်နိုင်ရန်ဖြစ်စေ သတင်းအချက်အလက်ပေးပို့သူ၊ ဖမ်းဆီးပေးသူ မည်သည့်လူပုဂ္ဂိုလ်ကို မဆို ဆုတော်ငွေ အမြှင့်ဆုံး ၅သန်း(အမေရိကန်ဒေါ်လာဖြင့်) အထိချီးမြှင့်မည်။ ၎င်းစစ်ရာဇဝတ်အမှုများနှင့် ပတ်သတ်၍ တိုင်ကြားခြင်း အတွက် ဆုတော်ငွေချီးမြှင့်သည့် အစီအစဉ်ကို (WCRP) မှကမ်းလှမ်းထားသည်။ သင့်အနေဖြင့် စစ်ရာဇဝတ်မှုများ တိုင်ကြားခြင်း အတွက် ဆုတော်ငွေချီးမြှင့်သည့်အစီအစဉ် ပိုမိုသိလိုပါက သတင်းအချက်အလက်များကို www.rewardsforjustice.net/english/submit-a-tip.html ဝက်ဆိုဒ်မှတစ်ဆင့် သော်လည်းကောင်း wcrp@state.gov သို့ အီမေးလ် ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ Whatsapp နာပတ် +1-202-975-5468 သို့ စာရိုက်ပို့၍ဖြစ်စေ လျှိုဝှက်စွာ ပေးပို့ ဆက်သွယ် နိုင်ပါသည်။ ထိုအပြင် အမေရိကန်သံရုံး (သို့မဟုတ်) အမေရိကန်နိုင်ငံ၏အစိုးရဝန်ထမ်းတစ်ဦးဦးထံသို့လည်း ဆက်သွယ်နိုင်ပါသည်။ စစ်ရာဇဝတ်မှု ကျုးလွန်သည့် ရာဇဝတ်ကောင်များ၏ သတင်း အချက်အလက်များ တိုင်ကြား ပေးပို့မည့် လူပုဂ္ဂိုလ်များ၏ အချက်အလက်များကို လျှိုဝှက်စွာ(လုံးဝ မပေါက်ကြားစေပဲ) အမေရိကန်အစိုးရမှ ထိန်းသိမ်း ထားရှိမည်ဟု အာမခံပါသည်။ အသေးစိတ်အား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်' လို့ ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေမှုမှာ ပါတဲ့ လင့်တွေဟာ အမေရိကန်အစိုးရရဲ့ တရားဝင်ဝက်ဘ်ဆိုက်လင့်တွေ ဖြစ်ပေမယ့် ဒီလင့်တွေထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်း ထုတ်တယ်ဆိုတဲ့ အချက်အလက်၊ အကြောင်းအရာကို ရေးသားထားတာ မပါရှိပါဘူး။


      ‘U.S. Department of State's Global Criminal Justice Rewards Program (GCJRP) သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် စစ်ရာဇ၀တ်မှုများအတွက် သတ်မှတ်ထားသော နိုင်ငံခြားသား များကို ဖမ်းဆီးခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ အချက်အလက်များ ပေးဆောင်သူများအား ဒေါ်လာ 5 သန်း (USD) အထိ ဆုကြေးများ ပေးပါသည်’ လို့ ပြောထားတာပါ။

      အခုဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားတွေ ပဲ ဖြစ်ပါတယ်။

      Tags

      အမေရိကန်ဒေါ်လာဖမ်းဝရမ်းထုတ်သတင်းအမှားThe US governmentthe coup leaderArrest warrant
      Read Full Article
      Claim :   အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!