BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • R2P ဝင်လာမယ်လို့ အမေရိကန်...
သတင်းအတု

R2P ဝင်လာမယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီး အသိပေးပြီဆိုတဲ့ သတင်းအမှား

R2P ဝင်လာမယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး အသိပေးပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Feb 2023 2:44 PM IST
  • R2P ဝင်လာမယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီး အသိပေးပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘R2P ဝင်လာမယ့် ကိစ္စ US ဗိုလ်ချုပ်ကြီး အသိပေးပြီ’ ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    R2P ဝင်လာမယ့် ကိစ္စ US ဗိုလ်ချုပ်ကြီး အသိပေးပြီ’ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဗွီဒီယိုထဲမှာ အခြားသတင်းဌာနတစ်ခုက စစ်ကောင်စီနဲ့ ပတ်သက်ပြီး ပြုလုပ်ထားတဲ့ အင်တာဗျူးတစ်ခုကို ပြန်လည်ထည့်သွင်းထားတာသာ ဖြစ်ပြီး R2P နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ပါဝင်ခြင်း မရှိပါဘူး။

    ဒီဖြန့်ဝေမှုတွေဟာ ဇန်နဝါရီ ၂၄ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အထူးအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအရေးကိစ္စနဲ့ စစ်တပ်ကို ကုလသမဂ္ဂ အနေဖြင့် R2P (Responsibility to Protect) အခြေခံမူ သဘောတရားကို စွဲကိုင်ကာ အရေးယူ ဆောင်ရွက်ရမည့်အချိန်ဖြစ်တယ်လို့ တိုက်တွန်း ပြောဆိုတဲ့ သတင်းထွက်ပေါ်ပြီးနောက်ပိုင်း ဖြန့်ဝေလာတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထူးအစီးပွားရေးနှင့် လူမှုရေးကောင်စီမှာ ပြုလုပ်တဲ့ အထူးအစည်းအဝေးပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    R2P (Responsibility to Protect)US ဗိုလ်ချုပ်ကြီးမြန်မာနိုင်ငံအရေးR2Ptake action with R2PFakenews
    Read Full Article
    Claim :   R2P ဝင်လာမယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး အသိပေးပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!