BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG အစိုးရကို ကန်ဒေါ်လာ ၈ ဘီလျံ...
သတင်းအတု

NUG အစိုးရကို ကန်ဒေါ်လာ ၈ ဘီလျံ သုံးစွဲခွင့် အမေရိကန်ပေးတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်အစိုးရအနေနဲ့ NUG အစိုးရကို အမေရိကန်ဒေါ်လာ ၈ ဘီလျံ အသုံးပြုခွင့်ပေးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Feb 2023 9:17 PM IST
  • NUG အစိုးရကို ကန်ဒေါ်လာ ၈ ဘီလျံ သုံးစွဲခွင့် အမေရိကန်ပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ KATTY ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင် တစ်ခုနဲ့အတူ ‘အမေရိကန်အစိုးရ NUG ကို ကန်ဒေါ်လာ ၈ ဘီလျံ သုံးစွဲခွင့်ပေး’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုးအတည်ပြုလိုက်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံက စစ်ကူထောက်ပံ့တယ်၊ လက်နက်တွေ ပို့လိုက်တယ်၊ စစ်အသုံးစရိတ် အသုံးပြုခွင့် ပေးလိုက်တယ် ဆိုပြီး အမျိုးမျိုး ဖြန့်ဝေနေကြတာပါ။

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲက အကြောင်းအရာကတော့ RFA သတင်းဌာနရဲ့ သတင်းတစ်ပုဒ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်သာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရအနေနဲ့ NUG အစိုးရကို အမေရိကန်ဒေါ်လာ ၈ ဘီလျံ အသုံးပြုခွင့်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းပြန်ကြားရေး ချန်နယ်တွေမှာ ထုတ်ပြန်ထားတာမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    အမေရိကန်၏ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ထဲမှာ ပါဝင်လာတဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ Burma Act အရ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ အကူအညီတွေ ရရှိမှာဖြစ်ပြီး ဥပဒေရဲ့ သက်တမ်းက ၈ နှစ်ကြာမှာ ဖြစ်ပါတယ်။

    Burma Act မှာ အကြမ်းအားဖြင့် မူဝါဒရေးရာ ဖော်ပြချက်၊ အရေးယူပိတ်ဆိုမှုများ ချမှတ်ခြင်း၊ ကူညီထောက်ပံ့မှုများ ပေးခြင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ခြင်းဆိုသည့် အဓိက ကဏ္ဍ ၄ ရပ် ပါဝင်တယ်လို့ သိရပါတယ်။

    တတိယမြောက်ဖြစ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးရာမှာ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှ ဌာနက ဒေါ်လာ သန်း ၅၀ ဖိုးကူညီမှာဖြစ်ပြီး အခြားဌာနတခုမှ ဒေါ်လာ ၄ သန်း စုစုပေါင်း ဒေါ်လာ ၅၄ သန်းကူညီဘို့ အခြေအနေရှိတယ်လို့ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုဖြစ်တဲ့ Global Witness မှ မူဝါဒဆိုင်ရာ အတိုင်ပင်ခံ Keel Ditz က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တယ်လို့ ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ဥပဒေမှာ ၂၀၂၇ ခုနှစ်အထိ အကူအညီပမာဏ မည်မျှကို ပေးရမယ်လို့ တိတိပပ မပါရှိဘူးလို့လည်း ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    Tags

    ကန်ဒေါ်လာ ၈ ဘီလျံ$8 billionအမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA)NDAABurma ActFakenews
    Read Full Article
    Claim :   အမေရိကန်အစိုးရအနေနဲ့ NUG အစိုးရကို အမေရိကန်ဒေါ်လာ ၈ ဘီလျံ အသုံးပြုခွင့်ပေးလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!