BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က...
      သတင်းအတု

      ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အာဆီယံအရှုပ်အထွေးတွေ ဖွင့်ဟတယ်ဆိုတဲ့ သတင်းအမှား

      အာဆီယံရဲ့ နောက်ကွယ်က အရှုပ်တွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖွင့်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 Jun 2023 8:21 PM IST
    • ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အာဆီယံအရှုပ်အထွေးတွေ ဖွင့်ဟတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဇွန်လ ၂၄ ရက် နံနက်ပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပွဲကတော့ ကြည့်ကောင်းပြီ။ အာဆီယံရဲ့ နောက်ကွယ်က အရှုပ်တွေကို ဖွင့်ချလိုက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ Khit Thit Media မှာ ဇွန်လ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'အာဆီယံအစည်းအဝေးများသို့ စစ်ကောင်စီ တက်ရောက်မှုကို စိုးရိမ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား' ဆိုတဲ့ သတင်းအပြင် အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ‘ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က အာဆီယံအရှုပ်အထွေးတွေ ဖွင့်ချတယ်’ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

      Khit Thit Media က ဖော်ပြထားတဲ့ သတင်းထဲမှာ ကမ္ဘာ့ကုလသမဂ္ဂ ကျွမ်းကျင်သူ သောမတ်စ် အင်ဒရူး (Thomas Andrews)က အာဆီယံအဖွဲ့ရဲ့ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို ဆက်လက်ဖိတ်ကြား နေမှုအပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ပြောဆိုကြောင်း၊ မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်ကို ၂၀၂၃ ခုနှစ် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံရဲ့ ဥက္ကဋ္ဌအဖြစ် အာဆီယံက ခန့်အပ်ခဲ့မှုနဲ့ သူသည် ကျေးရွာတွေကို တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန် ရှိကြောင်း၊ ဗိုလ်ချုပ်ကြီးထွန်းအောင်ကို အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါနှင့် ဥရောပသမဂ္ဂ တို့ကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီးကြောင်း၊ စစ်ကောင်စီဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM Plus) ကို ရုရှားနဲ့အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆက်လက် ဆောင်ရွက်နေပြီး ယင်းအစည်းအဝေးများသို့ အင်ဒိုနီးရှားနိုင်ငံက ပါဝင်တက်ရောက်လျက် ရှိကြောင်းနဲ့ အာဆီယံရဲ့ ဘယ်အစည်းအဝေးကိုမှ စစ်အုပ်စုကို မဖိတ်ကြားသင့်ကြောင်း ရေးသားထားပါတယ်။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      အာဆီယံအစည်းအဝေးကုလသမဂ္ဂအထူးကိုယ်စားလှယ်UN Special RepresentativeASEANအာဆီယံအရှုပ်အထွေးFakenews
      Read Full Article
      Claim :   အာဆီယံရဲ့ နောက်ကွယ်က အရှုပ်တွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖွင့်ချလိုက်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!