BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင် တည်ထားတဲ့ ဘုရား...
သတင်းအတု

စစ်ခေါင်းဆောင် တည်ထားတဲ့ ဘုရား ဒရုံးနဲ့ ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်ထားတဲ့ ဘုရား ဒရုံးနဲ့ ဗုံးကြဲခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 July 2023 9:26 AM IST
  • စစ်ခေါင်းဆောင် တည်ထားတဲ့ ဘုရား ဒရုံးနဲ့ ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Amelie Hughes ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၃ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘မင်းအောင်လှိုင်တည်ထားတဲ့ ဘုရား ဒရုန်းနဲ့ ဗုံးကြဲခံရ’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘မင်းအောင်လှိုင်တည်ထားတဲ့ ဘုရား ဒရုန်းနဲ့ ဗုံးကြဲခံရ’ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ တခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်နေတဲ့ နေပြည်တော်က မာရဝိဇယဘုရားကို မြန်မာပြည်ရဲ့ ထိပ်သီး ခရီုနီသူဌေးကြီးတွေက ငွေကျပ် ၁၆ဘီလျံကျော် လှူဒါန်းခဲ့တာ ရှိပါတယ်။

    CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဝေမာကုမ္ပဏီပိုင်ရှင် ဦးကျေးနဲ့ ဧဒင်ကုမ္ပဏီအုပ်စုက ဦးဝဏ္ဏခိုင်တို့က သိန်းသောင်းကျော် လှူဒါန်းခဲ့တဲ့ အများဆုံးအလှူရှင်တွေဖြစ်တယ်လို့ သိရပါတယ်။သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဘုရားဗုံးကြဲခံရbombedFakenewsmilitary coupဘုရားတည်
    Read Full Article
    Claim :   စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ထားတဲ့ ဘုရား ဒရုံးနဲ့ ဗုံးကြဲခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!