BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်သားကို ဓါးနဲ့ ထိုးခဲ့တဲ့...
      သတင်းအတု

      စစ်သားကို ဓါးနဲ့ ထိုးခဲ့တဲ့ ကျောင်းသား ဝိုင်းရိုက်ခံရလို့ သေဆုံးပြီဆိုတဲ့ သတင်းအမှား

      ပဲခူးတိုင်းတိုင်း အနောက်ဘက်ခြမ်း၊ ပြည်ခရိုင်၊ မှော်ဇာကျေးရွာအုပ်စုရှိ အထက်တန်းကျောင်းမှာ ဩဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်သား ဓားထိုးခံရတဲ့ ဖြစ်စဉ်မှာ ဓားနဲ့ထိုးခဲ့သူ ၇ တန်းကျောင်းသားကို နေရာမှာပဲ ဝိုင်းရိုက်ခံရလို့ သေဆုံးသွားပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  8 Aug 2022 9:11 PM IST
    • စစ်သားကို ဓါးနဲ့ ထိုးခဲ့တဲ့ ကျောင်းသား ဝိုင်းရိုက်ခံရလို့ သေဆုံးပြီဆိုတဲ့ သတင်းအမှား

      ဒီသတင်းကို Hlaing Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က ဩဂုတ်လ ၃ ရက်နေ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ 'ပြည်က ၇ တန်းကျောင်းသား ဓားနဲ့ထိုးတဲ့သတင်းဟာ မီဒီယာတွေမှာ တက်နေသလို ကလေးကို ဆေးရုံသယ်သွားတာ မဟုတ်ကြောင်း၊ အပစ်ခံရတဲ့ နေရာမှာတင် စစ်သားတွေနဲ့ ရပ်ကျေးတွေက ဝိုင်းရိုက်သတ်လိုက်ကြတာ ဖြစ်ကြောင်း၊ ဖျာလိပ်နဲ့ သယ်သွားပြီး အလောင်းပြန်မပေးကြောင်းနဲ့ အခုအခါ မိသားစုကိုပါ ဖမ်းသွားပြီဖြစ်ကြောင်း' တွေ ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြစ်စဉ်မှာ ပြည်ခရိုင်၊ မှော်ဇာကျေးရွာအုပ်စုရှိ အထက်တန်းကျောင်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားကို မောင်အောင်မြင့်မြတ် ဆိုသူ ၆ တန်းကျောင်းသားက ဓားနဲ့ထိုးပြီး ထွက်ပြေးရာ ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန် ရခဲ့တာဖြစ်ပါတယ်။

      မီဒီယာတွေမှာ ဖော်ပြထားချက်အရ ဓားနဲ့ထိုးခံခဲ့ရတဲ့ စစ်သားက လက်မောင်းကိုထိသွားကြောင်းနဲ့ ထိုးခဲ့တဲ့ ကလေးကို ပစ်ခတ်ဖမ်းဆီး ခဲ့ရာမှာ လက်မောင်းအောက်မှာ ရှပ်ထိခဲ့ပြီး ဆေးရုံကို သယ်သွားတယ်လို့ ရေးသားထားပါတယ်။

      ဩဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ခေတ်သစ်မီဒီယာရဲ့ သတင်းမှာတော့ စစ်သားကို ဓားနဲ့ထိုးခဲ့တဲ့ မောင်အောင်မြင့်မြတ်ကို ဆေးရုံမှာ ရဲနဲ့ စစ်သား ၇ ဦးစောင့်ကြပ်နေပြီး လက်နဲ့ခြေထောက်တွေကို လက်ထိပ်ခတ်ထားကြောင်း၊ စစ်ဆေးရုံမှာ ကျည်ထိဒဏ်ရာတွေနဲ့ စစ်ကြောရေးခံနေကြောင်းနဲ့ အသက်အန္တရယ် စိုးရိမ်နေရကြောင်း ရေးသားထားပါတယ်။


      မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒီသတင်းအမှားကို စတင်ဖြန့်ဝေခဲ့တဲ့ Hlaing Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်ကလည်း သူရဲ့ပိုစ့်ကို စစ်ဆေးရုံမှာ ဒဏ်ရာကုသ နေတယ်ဆိုတဲ့အကြောင်း ပြန်လည်ပြင်ဆင် ရေးသားခဲ့ပေမယ့် သတင်းအမှားကို ဖြုတ်ချထားတာတော့ မရှိသေးတာ တွေ့ရပါတယ်။

      Tags

      stabbed the soldierစစ်သားကိုဓါးနဲ့ထိုးတဲ့ ကျောင်းသားစစ်သားကို ဓားနဲ့ထိုးFakenewsMilitary Coup
      Read Full Article
      Claim :   စစ်ကောင်စီတပ်သား ဓားထိုးခံရတဲ့ ဖြစ်စဉ်မှာ ဓားနဲ့ထိုးခဲ့သူ ၇ တန်းကျောင်းသားကို နေရာမှာပဲ ဝိုင်းရိုက်ခံရလို့ သေဆုံးသွားပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!