BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အစိုးရရုံးတွေဝင်စီးခံရတယ်ဆိုတဲ့...
      သတင်းအတု

      အစိုးရရုံးတွေဝင်စီးခံရတယ်ဆိုတဲ့ သတင်းအမှား

      အစိုးရရုံးတွေ ဝင်စီးခံရပြီး တော်လှန်ရေးတပ်တွေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဝင်လာကြပြီဆိုပြီး ရန်ကုန်ကို တော်လှန်ရေးတပ်တွေဝင်လာသယောင် ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေဟာ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  9 Feb 2023 10:01 PM IST
    • အစိုးရရုံးတွေဝင်စီးခံရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Get your own ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နေ့လည်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တော်လှန်းရေးတပ်တွေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဝင်လာကြပြီ’ လို့ ရေးသားကာ ဗွီဒီယိုဖိုင် ကာဗာပေါ်မှာလည်း ‘မနက်ကတည်းက ဖုန်းလိုင်းတွေ အပိတ်ခံရတဲ့ ကိစ္စ၊ ရန်ကုန်မှာ ပွဲကြမ်းနေ၊ အစိုးရရုံးတွေ ဝင်စီးခံလိုက်ရ’ ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      တော်လှန်းရေးတပ်တွေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဝင်လာကြပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဗွီဒီယိုဖိုင် ကာဗာပေါ်မှာ ရေးသားထားတဲ့ ဖုန်းလိုင်းတွေ အပိတ်ခံရတဲ့ အကြောင်းမှာ ဖေဖေါ်ဝါရီ ၇ ရက်နေ့ မနက် ၁၀ ကျော်ခန့်က မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဆက်သွယ်မှု ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

      ဒီသတင်းကို သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။


      သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ တော်လှန်းရေးတပ်တွေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဝင်လာကြပြီဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုလုပ်ထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်၊ နောက်ခံဓါတ်ပုံတွေမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားက ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      MPT ExchangeMPT exchange office burnedMPT ရုံးမီးလောင်FakenewsMPTabaraye pagoda roadClickbaits
      Read Full Article
      Claim :   အစိုးရရုံးတွေ ဝင်စီးခံရပြီး တော်လှန်ရေးတပ်တွေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဝင်လာကြပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!