BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နာမည်ကျော် ကာဗာအဆိုတော်ကို...
သတင်းအတု

နာမည်ကျော် ကာဗာအဆိုတော်ကို ယူကရိန်းသမ္မတအဖြစ်ဖြန့်ဝေတဲ့အကြောင်းအရာ

ယူကျုပေါ်က အထင်ကရအဆိုတော်တစ်ဦးရဲ့ Video တစ်ပုဒ်ကိုအသုံးပြုပြီး ယူကရိန်းသမ္မတက ဇနီးဖြစ်သူနဲ့ တေူသီချင်းသီဆိုထားကြောင်းဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  19 March 2022 9:03 PM IST
  • နာမည်ကျော် ကာဗာအဆိုတော်ကို ယူကရိန်းသမ္မတအဖြစ်ဖြန့်ဝေတဲ့အကြောင်းအရာ

    နာမည်ကျော် Endless Love သီချင်းကို ကာဗာ (ပြန်ဆိုတေး) အဖြစ်ဆိုထားတဲ့ ဗွီဒီယိုဖိုင်ကို ယူကရိန်း သမ္မတနဲ့ သူရဲ့ဇနီးပြန်ဆိုထားတယ်ဆိုတဲ့အကြောင်းအရာကို ဖေ့စ်ဘွတ်သုံးသွဲသူတစ်ဦးက မတ်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုဖြန့်ဝေရာမှာ ဗီးီယိုဖိုင်နဲ့အတူ "မကုန်ဆုံးနိုင်တဲ့အချစ် သီချင်းကိုပိုင်နိုင်စွာတီးခတ်သီဆိုထားသော ယူကရိန်း သမ္မတနှင့်သူ၏ဇနီး။ ဒီလို ကိုယ့်နိင်ငံနဲ့လူမျိုးကိုတကယ်ချစ်တဲ အနုပညာရှင်မျိုး ကမ္ဘာကြီးမှာ အများကြီး ရှိနေဘို့လိုတယ်။ ဗီဒီယို ကို ကြည့်ရင်း တကယ်ခံစားရပါတယ်" လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတဲ့ Endless Love သီချင်းကို ကာဗာပြန်ဆိုထားသူတွေဟာ ယူကရိန်း သမ္မတနဲ့ သူရဲ့ဇနီးမဟုတ်ပါဘူး။ အမေရိကန်ကာဗာ တီးဝိုင်းအဖွဲ့ Boyce Avenue က အဆိုတော် Alejandro Luis Manzano ဖြစ်ပါတယ်။ ပါဝင်သီဆိုထားတဲ့ အမျိုးသမီးကတော့ Connie Talbot ဖြစ်ပါတယ်။


    ဒီသီချင်းကို Boyce Avenue ရဲ့ Youtube ချန်နယ်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၀ မှာ တင်ထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။ Boyce Avenue ဟာ နိုင်ငံတကာက အထင်ကရတေးသီချင်းတွေကိုကိုယ်ပိုင်ဟန်နဲ့ပြန်လည်ဆန်းသစ်ပြီးသီဆိုသူဖြစ်သလို သူပြန်ဆိုတဲ့သီချင်းတွေဟာလည်း လူကြိုက်များလှပါတယ်။

    အဲ့ဒီအပြင်သူ့ရဲ့ ယူကျု Channel က လူပေါင်းများစွာ Suscribe လုပ်ထားသလို၊ ပြန်လည်သီဆိုတဲ့သီချင်းတွေဟာလည်း ကြည့်ရှုသူ ဘီလီယံနဲ့ချီရရှိသူဖြစ်တာကြောင့် နိုင်ငံတကာရော၊ ပြည်တွင်းမှာပါလူသိများသူဖြစ်ပါတယ်။

    Endless Love သီချင်းကို ရှစ်ဆယ်ခုနှစ်တွေတုန်းက Diana Ross နှင့် Lionel Richie သီဆိုခဲ့တာပါ။ ဒီသီချင်းကို မြန်မာပရိတ်သတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Luther Vandross၊ Mariah Carey နဲ့ Shania Twain တို့လည်း ပြန်ဆိုထားတာ ရှိပါတယ်။

    Diana Ross နှင့် Lionel Richie တို့ သီဆိုထားတဲ့ Endless Love မူရင်းသီချင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ယူကရိန်း သမ္မတSongEndless LoveCover songUkrainian PresidentFakenews
    Read Full Article
    Claim :   ယူကရိန်း သမ္မတနဲ့ ဇနီး အတူတွဲ သီဆိုထားတဲ့ သီချင်း ဗွီဒီယို လူမှုမီဒီယာတွေပေါ် ဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!