BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ခဲ့တဲ့...
သတင်းအတု

ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ခဲ့တဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ပုံတွေဟာ အတုတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ချင်းပြည်နယ်၊ ပလက်ဝဒေသ အခြေစိုက် စစ်ကောင်စီတပ်တွေဆီက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို ရက္ခိုင့်တပ်တော် AA က ပုံတွေနဲ့ ထုတ်ပြန်ခဲ့ရာ ယူကရိန်းနိုင်ငံက ပုံတွေကို Ai နဲ့ စနစ်တကျ ပြုပြင်ထားတဲ့ အတုတွေ ဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  21 Jan 2024 9:04 AM IST
  • ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ခဲ့တဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ပုံတွေဟာ အတုတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ‘စစ်သွေး’ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီ ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ ‘အကြမ်းဖက် အေအေ ရသွားတည့်လက်နက်တွေ တည့် ဒါဟာအတုဖြစ်ပါတယ်။ ai နဲ့ စနစ်တကျပြုပြင်ပြီး ယူကရိမ်းက ပုံတွေကို ဗမာပြည်ကပုံယောင်ဖန်တီးထားတာပါ။ နည်းပညာခေတ်မှီမှုကိုသူပုန်တွေဟာ တစ်နည်းနည်းနဲ့သုံးပြီး တို့တပ်ကို ခြောက်ခြားအောင် မပြိုကွဲနိုင်တာသိပေမဲ့ပြိုကွဲအောင် အဘက်ဘက်ကဝိုင်းကာထိုးနက်နေတယ်။ သို့သော် သူတို့ ထင်ထားတည့်အတိုင်း လက်နက်မချ ရန်သူကို ခုခံရင်းပလက်ဝဒေသ နဲ့ ရှမ်းမြောက်မှာ SOFT တွေကပါ တပ်ရင်းလိုက် ပူးတွဲက ထိုးစစ်စဉ်နေပြီး အထိနာနေသည်ကို အခွင့်ကောင်းယူကာ တစ်ဖက်လှည်ဝါဒဖြန်တာဘဲဖြစ်တယ်။ ခလရ ၂၈၉ ဟာ အဆက်အသွယ် ပြတ်ခြင်းဖြစ်ပြီးလက်နက်မချ ရန်သူကို မဟာလက်နက်ဆန်းများသုံးကာခုခံနေဆဲဖြစ်တယ်။ အသိညီတစ်ယောက်ပြောပြပါတယ်။ နောက်ပြီး ဘူးသီးတောင်ဗျူဟာ ကုန်းကလည်း အေးဆေးပါတည့်။ ရခိုင်စစ်ပြေပြင်ရောက်စစ်သားများထံကနေကြားရပါတယ်။ တို့၏ ကြီးမြတ်သောဗုဒ္ဓ၏ဝော်ဝင်ဗမာစစ်သည်များ ကြီးမြတ်သော ခေါင်းဆောင်များ၏ ညွှန်ကြားချက်နဲ့အတူ ကြီးမြတ်သောတိာက်ပွဲကို ရှေ့ဆက်ကာတိုက်ကြလော့' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေရဲ့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ် ရှေ့တန်းတပ်စခန်း ခလရ (၂၈၉) နဲ့ စကခ (၁၉) တပ်တွေကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ အမြောက်အမြားသိမ်းဆည်းရရှိခဲ့တဲ့အကြောင်း AA Info Desk က ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့မှုကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


    သတင်းဌာနတွေမှာ ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေထားတဲ့ ပုံတွေဟာလည်း ai နဲ့ ပြုပြင်ထားတဲ့ ပုံတွေမဟုတ်သလို ယူကရိန်းက ပုံတွေလည်း မဟုတ်ပါဘူး။

    သတင်းထဲမှာ ချင်းပြည်နယ် ပလက်ဝဒေသတခုလုံးကို အေအေတပ်တွေက သိမ်းပိုက်လိုက်ပြီး အဲဒီဒေသတစ်ခုလုံးမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေ ကင်းစင်သွားပြီဆိုပြီး အေအေက ကြေညာထားတယ်လို့ ဖော်ပြထားပါတယ်။

    Tags

    aiလက်နက်ပုံအတုFake Imagesseized weaponsFakenewsmilitary coupLobby
    Read Full Article
    Claim :   ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ခဲ့တဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ပုံတွေဟာ အတုတွေလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!