BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်ကို...
သတင်းအတု

နေပြည်တော်ကို ထိုးစစ်စတင်နေပြီဆိုတဲ့ သတင်းအမှား

နေပြည်တော်ကို ထိုးစစ်စတင်နေပြီး ၂ နာရီအတွင်း အဓိက ဌာနဆိုင်ရာရုံးတွေ သိမ်းပိုက်ရရှိတယ်ဆိုပြီး ရေးသား‌ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Feb 2025 9:33 AM IST
  • နေပြည်တော်ကို ထိုးစစ်စတင်နေပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် ထိုးစစ်စတင်။ နေပြည်တော်ကို စတင်ပြီး လက်နက်ပြီး ပစ်ပြီ။ ၂ နာရီအတွင်း အဓိက ရုံးကြီးတွေ သိမ်းပိုက်ရရှိ။ နေအိမ်ကနေ စစ်ခေါင်းဆောင်တွေ အပြင်မထွက်ရဲကြတော့ဘူး' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော်ကို ထိုးစစ်စတင်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဖေစ့်ဘွတ်ပေါ်မှာ ဖြန့်ဝေနေတဲ့ 'နေပြည်တော်ကို သိမ်းစရာမလိုဘဲ စစ်ကောင်စီကို အနိုင်ရဖို့ဆိုရင်' ဆိုတဲ့ ပိုစ့်ပါ စာတွေကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာဟာ တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်သာ ဖြစ်ပြီး သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုးလည်း မရှိပါဘူး။

    ဒါ့အပြင် နေပြည်တော်ကို ထိုးစစ်စတင်နေပြီဆိုတဲ့ သတင်းမျိုးကို ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ လည်း မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    တိုက်ခိုက်နေပြည်တော်အဝိုင်းခံရNay Pyi Taw attackedFakenewsမြို့သိမ်း
    Read Full Article
    Claim :   နေပြည်တော်ကို ထိုးစစ်စတင်နေပြီလို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!