BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒုချုပ်စိုးဝင်းရဲ့ သားကြီးကို...
သတင်းအတု

ဒုချုပ်စိုးဝင်းရဲ့ သားကြီးကို အရှင်ဖမ်းမိထားတယ်လို့ NUG ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ သားကြီးကို အရှင်ဖမ်းမိထားကြောင်း NUG က ထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Aug 2022 8:12 AM IST
  • ဒုချုပ်စိုးဝင်းရဲ့ သားကြီးကို အရှင်ဖမ်းမိထားတယ်လို့ NUG ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဩဂုတ်လ ၂ ရက်က စတင်ဖြန့်ဝေနေတာပါ။ ဒုချုပ်စိုးဝင်းနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက စတင်ပြီး အဆက်မပြတ်ဖြန့်ဝေနေတာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှခရီးစဉ်သွားနေစဉ်မှာလည်း အများအပြားဖြန့်ဝေထားတာတွေ ရှိပါတယ်။

    သတင်းကို 'ကာချုပ်စိုးဝင်းရဲ့ သားကြီးကို အရှင်မိထားဟု NUG ထုတ်ပြန်။ အာဏာနဲ့ သား ဘာရွေးမလဲ စိုးဝင်း' လို့ ရေးသားကာ အချိန် ၅ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့ အတူဖြန့်ဝေထားတာပါ။ ဖြန့်ဝေမှုကို သတင်းမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကနေ ဖြန့်ဝေနေတာဖြစ်ပြီး အချို့ဖြန့်ဝေမှုတွေမှာ ကြည့်ရှု့သူ သိန်းကျော်ရှိနေပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်တွေကို ဝင်ကြည့်ရာမှာ ခေါင်းစဉ်မှာရေးထားတဲ့ သတင်းနဲ့ မသက်ဆိုင်တဲ့ အခြားသတင်းဌာနတွေက သတင်းကို နောက်ခံစကားပြောနဲ့ ထည့်သွင်းပြောဆိုထားတာသာ ဖြစ်ပါတယ်။ ဒီသတင်းအမှား အများစုဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တာကို တွေ့ရပါတယ်။


    ဒုချုပ်စိုးဝင်းနဲ့ ပတ်သတ်ပြီး ဖြန့်ဝေနေတဲ့ သတင်းအမှားတွေကို Boom Myanmar က ဇူလိုင်လအတွင်းကလည်း သတင်းဆန်းစစ်ချက် ပြုလုပ်ခဲ့ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီအကြောင်းအရာကို စတင်ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ Page တွေဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်တွေကို ဝင်ကြည့်ရင် တခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပြီး ဗွီဒီယိုဖိုင်ရဲ့ ကာဗာပုံမှာရေးသားထားတဲ့ အကြောင်းအရာနဲ့ ဆက်စပ်မှုမရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အခုဖြန့်ဝေနေတာဟာ အများပြည်သူ အထင်မှားအောင် လုပ်ကြံထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    ဒုကာချုပ်စိုးဝင်းရဲ့ သားကြီးthe eldest sonthe military council chiefအရှင်ဖမ်းမိClickbaitFakenewsဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းMilitary Coup
    Read Full Article
    Claim :   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ သားကြီးကို အရှင်ဖမ်းမိထားကြောင်း NUG က ထုတ်ပြန်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!