BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါးရဲ့ MRDA အဖွဲ့ကို...
သတင်းအတု

ဗိုလ်နဂါးရဲ့ MRDA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တယ်ဆိုပြီး လူမှုမီဒီယာပေါ်က ထုတ်ပြန်ချက်ဟာ သတင်းမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Aug 2023 11:23 AM IST
  • ဗိုလ်နဂါးရဲ့ MRDA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ် တစ်ခုဖြစ်တဲ့ ဟန်ငြိမ်းဦး ချန်နယ်က စတင်ဖြန့်ဝေလိုက်တာဖြစ်ပြီး ဖေစ့်ဘွတ်ပေါ်မှာလည်း ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ NUG-MOD ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ရဲ့ လက်မှတ်ပါရှိတဲ့ ထုတ်ပြန်ချက်တစ်စောင်နဲ့ အတူ ‘ဖျံမနဲ့ ငြိတဲ့ နဂါးတော့ လစ်ပြီ။ ထူးဆန်းတာက အကဖအဖွဲ့ (အကြမ်းဖက်အဖွဲ့) က အကဖအဖြစ် ကြေညာတယ်ဆိုတော့’ လို့ ရေးသားဖြန့်ဝေ နေတာပါ။

    “MRDA အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်း” ဆိုတဲ့ အချက် ၃ ချက်ပါ ကြေငြာချက်အတုထဲမှာတော့ ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ဖွဲ့ဝင်များဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာဓိဌာန် ၄ ရပ်နဲ့ NUG မှ ထုတ်ပြန်ထားသည့်စည်းကမ်းတွေကို လိုက်နာခြင်းမရှိပဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်နေတဲ့အတွက် MRDA တပ်ဖွဲ့ကို NUG လက်အောက်ခံအဖွဲ့အစည်းအဖြစ်က ထုတ်ပယ်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တယ်လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီ MRDA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တယ် ဆိုတဲ့ ထုတ်ပြန်ချက် ကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမရှိသလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းထုတ်ပြန်ရေး ဝက်ဆိုက်နဲ့ ဆိုရှယ်မီဒီယာချန်နယ်တွေမှာ ဖော်ပြထားတာ မရှိပါဘူး။

    ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရုပ်သံလွှင့်ဌာန Public Voice Television ဖေစ့်ဘွတ်ပေချ့်နဲ့ သတင်းမီဒီယာအချို့မှာတော့ ဒီထုတ်ပြန်ချက်ဟာ ဟန်ငြိမ်းဦး ဆိုတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်မှာ စတင်ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတစ်ခုသာ ဖြစ်တဲ့အကြောင်း ဩဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ ပြန်လည်ဖြေရှင်းထားပါတယ်။


    ထုတ်ပြန်ချက် အတုထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်တံဆိပ်၊ ကာကွယ်ရေးဝန်ကြီးရဲ့ လက်မှတ်တွေပါ အတုဖန်တီးထားတာ ဖြစ်ပါယ်။

    Public Voice Television ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီထုတ်ပြန်ချက်အတုနဲ့ ပက်သတ်ပြီး Mizzima သတင်းဌာနက ဖော်ပြထားချက်ထဲမှာတော့ NUG-MOD ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက MRDA အဖွဲ့ဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ MOD အနေနဲ့ ဒီလိုထုတ်ပြန် တာမျိုး မရှိကြောင်း၊ တော်လှန်ရေးကို နှောင့်နှေးစေလိုသူတွေက တမင်တကာ သွေးကွဲစေဖို့ ဖြန့်ဝေထားတဲ့ သတင်းအတုသာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    Mizzima သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိအချိန်မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက NUG အစိုးရလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနကို ထောက်ပြပြောဆိုခဲ့ရာက စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုနဲ့ ဖေစ့်ဘွတ်ပေါ်မှာ အပြန်အလှန် ပြစ်တင် ဝေဖန်နေကြတဲ့အတွက် စစ်တပ်လော်ဘီတွေက အခွင့်ကောင်းယူတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

    Tags

    ဗိုလ်နဂါးMRDAကြေညာချက်အတုfake statementStatementDeclared terrorist groupစစ်တပ်လော်ဘီ
    Read Full Article
    Claim :   ဗိုလ်နဂါးရဲ့ MRDA အဖွဲ့ကို NUG က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!