BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ခေါင်းဆောင်က ညီနောင်မဟာမိတ်...
      သတင်းအတု

      စစ်ခေါင်းဆောင်က ညီနောင်မဟာမိတ် သုံးဖွဲ့ထံ ဆွေးနွေးလိုကြောင်း စာပို့တယ်ဆိုတဲ့ သတင်းအမှား

      စစ်ကောင်စီခေါင်းဆောင်က ညီနောင်မဟာမိတ် သုံးဖွဲ့ထံ ဆွေးနွေးလိုကြောင်း တောင်းပန်စာပေးပို့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  20 Jun 2024 6:58 AM IST
    • စစ်ခေါင်းဆောင်က ညီနောင်မဟာမိတ် သုံးဖွဲ့ထံ ဆွေးနွေးလိုကြောင်း စာပို့တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် လေသံပြောင်းပြီ။ ညီနောင်သုံးဖွဲ့နဲ့ ဆွေးနွေးလိုကြောင်း တောင်းပန်စာပေးပို့၊ မဟာမိတ် သုံးဖွဲ့ တိုက်ရိုက်ပယ်ချ' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ခေါင်းဆောင်က ညီနောင်မဟာမိတ် သုံးဖွဲ့ထံ ဆွေးနွေးလိုကြောင်း စာပို့တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဇွန်လ ၁၇ ရက်နေ့က ဖော်ပြထားတဲ့ ‘စစ်ကောင်စီနှင့် နေပြည်တော်၌ တွေ့ဆုံခြင်းမရှိဟု TNLAပြော’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

      သတင်းထဲမှာ TNLA ခေါင်းဆောင်တွေ နေပြည်တော်မှာ စစ်ကောင်စီနဲ့ လျှို့ဝှက်တွေ့ဆုံနေတာ မရှိဘူးလို့ TNLA ခေါင်းဆောင်တစ်ဦးပြောကြားတယ်ဆိုပြီး ဖော်ပြထားတာပါ။


      TNLA အပါအဝင် ညီနောင်မဟာမိတ်များဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်က စတင်ပြီး စစ်ကောင်စီကို စစ်ဆင်ရေးပြုလုပ် တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈၀ကျော်နဲ့ မြို့ ခုနစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း၊ တရုတ်ရဲ့ ကြားဝင်မှုနဲ့ ၂၀၂၄ ဇန်နဝါရီ ၁၁ ရက် မှာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့အကြား အပစ်ရပ်စဲခဲ့ပေမယ့် စစ်ကောင်စီဘက်က အပစ်ရပ်စာချုပ်ကို ချိုးဖောက်ပြီး လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ TNLAက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါတယ်။

      People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      ညီနောင်သုံးဖွဲ့မဟာမိတ်သုံးဖွဲ့လျှို့ဝှက်ဆွေးနွေးFakenewsMilitary leaderClickbaitsThree Brotherhood Alliance
      Read Full Article
      Claim :   စစ်ခေါင်းဆောင်က ညီနောင်မဟာမိတ် သုံးဖွဲ့ထံ ဆွေးနွေးလိုကြောင်း စာပို့တယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!