BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ၅၀ ရာခိုင်နှုန်းနဲ့အထက်...
      သတင်းအတု

      ၅၀ ရာခိုင်နှုန်းနဲ့အထက် ထောက်ခံမှုမရရင် ရာထူးစွန့်မယ်လို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုတဲ့ သတင်းအမှား

      ၅၀ ရာခိုင်နှုန်းနဲ့အထက် ထောက်ခံမှုမရပါက ဆင်းမယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 Feb 2023 10:32 AM IST
    • ၅၀ ရာခိုင်နှုန်းနဲ့အထက် ထောက်ခံမှုမရရင် ရာထူးစွန့်မယ်လို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Record Esports ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘၅၀%အထက် ထောက်ခံမှု မရရင် ဆင်းမည်ဟု မအလ အပြတ်ပြော။ လက်ရှိအစိုးရကို ပြည်သူ လက်ခံ၊ မခံ စစ်တမ်းကောက်မည်ဟု ကြေညာ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ထောက်ခံမှုမရရင် ရာထူးစွန့်မယ်လို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      ‘၅၀ ရာခိုင်နှုန်းနဲ့အထက်’ ဆိုတဲ့ စကားစုနဲ့ ပက်သက်ပြီး လတ်တလော စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက် တစ်ခုတော့ ရှိပါတယ်။ ဒီအကြောင်းကို Than Lwin Times သတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ‘ရွေးကောက်ပွဲကို ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေ လုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့က ဖော်ပြထားပါတယ်။


      သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။

      သတင်းအမှား ဖြန့်ဝေသူတွေဟာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို အစဆွဲထုတ်ပြီးဖြစ်စေ၊ ဆင်တူယိုးမှား ပြုလုပ်ပြီးဖြစ်စေ၊ အကြောင်းအရာကို ပြောင်းပြန်ပြင်ဆင်ပြီးဖြစ်စေ ပြုပြင်ပြီး သတင်းအမှားတွေ ဖြန့်ဝေနေတာ တွေ့ရပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      ရွေးကောက်ပွဲElectionmilitary leaderစစ်ခေါင်းဆောင် ရာထူးMilitary CoupClick baitsFakenews
      Read Full Article
      Claim :   ၅၀ ရာခိုင်နှုန်းနဲ့အထက် ထောက်ခံမှုမရပါက ဆင်းမယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ပြောလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!