BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • PDF တွေကို တပ်မတော်အင်အားအဖြစ်...
      သတင်းအတု

      PDF တွေကို တပ်မတော်အင်အားအဖြစ် လစာပေးသွားမယ်ဆိုတဲ့ သတင်းအမှား

      မင်းအောင်လှိုင် သမ္မတဖြစ်လာရင် PDF တပ်ဖွဲ့ဝင်တွေကို တပ်မတော်ရဲ့ အင်အားသစ်တွေအဖြစ် လစာပေးခန့်အပ်သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြောတယ်ဆိုတဲ့အကြောင်းအရာတွေ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းအမှားဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  14 Nov 2021 7:56 PM IST
    • PDF တွေကို တပ်မတော်အင်အားအဖြစ် လစာပေးသွားမယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို လူမှုကွန်ရက်ပေါ်မှာ နိုဝင်ဘာလ ၆ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး "PDF တပ်ဖွဲ့ဝင်တွေကိုပြည်သူက အကြမ်းဖက်သမားဟုစွပ်စွဲပြောကြားနေသော်လည်း မိမိအနေဖြင့် ထိုသို့သဘောမထားကြောင်း မိမိသမ္မတကြီးဖြစ်လာပါက ၎င်းတို့ကို တပ်မတော်ကြီးရဲ့အင်အားသစ်တွေအဖြစ် လစာပေး၍ခန့်အပ်သွားမှာဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပြောကြားလိုက်သည်" လို့ ရေးသားထားပြီး အဆုံးမှာ "သတင်းမှန်ပြန်ကြားရေး" ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေတဲ့ ဒီသတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း Mizzima သတင်းဌာနက နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းကဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။


      ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို တပ်မတော်ရဲ့အင်အားသစ်တွေအဖြစ် လစာပေး ခန့်အပ်သွားမယ်ဆိုတဲ့ ပြောဆိုမှုကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းမီဒီယာတွေမှာမှ ဖော်ပြထားခြင်း မရှိသလို "သတင်းမှန်ပြန်ကြားရေး" ဆိုတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဆိုက်မှာလည်း ဖော်ပြထားခြင်းမရှိပါဘူး။

      ဒါ့အပြင် စစ်ကောင်စီအနေနဲ့ PDF တပ်ဖွဲ့ဝင်တွေအပေါ် ဘယ်လိုမျိုး သဘောထားလဲဆိုတာကတော့ သတင်းဌာနတွေမှာ နေ့စဉ်ရေးသားဖော်ပြနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ သတင်းတွေကို ကြည့်ရင်တွေ့နိုင်တယ်ဆိုတဲ့အကြောင်း Mizzima သတင်းဌာနမှာ ဖော်ပြထားပါတယ်။


      Mizzima သတင်းဌာနရဲ့ သတင်းဆန်းစစ်ထားမှုကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်လင့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      military leaderMyanmar military coupFakenewsPDFs would be paidmilitary forceတပ်မတော်ရဲ့ အင်အားသစ်တပ်မတော်အင်အားလစာပေးခန့်အပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးPeople Defense Force (PDF)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)Min Aung Hlaing
      Read Full Article
      Claim :   သမ္မတကြီးဖြစ်လာရင် PDF တပ်ဖွဲ့ဝင်တွေကို တပ်မတော်ရဲ့ အင်အားသစ်တွေအဖြစ် လစာပေးခန့်အပ်သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြောကြားဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!