BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ICC တရားရုံးက ဒုချုပ်စိုးဝင်းကို...
သတင်းအတု

ICC တရားရုံးက ဒုချုပ်စိုးဝင်းကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 July 2023 3:03 PM IST
  • ICC တရားရုံးက ဒုချုပ်စိုးဝင်းကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Curtis ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၆ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘နိုင်ငံတကာ ICC တရားရုံးက ဒုချုပ်စိုးဝင်းကို ဖမ်းဝရမ်းစထုတ်လို့ မင်းအောင်လှိုင် ရင်ဝ ဖိနပ်နဲ့ စောင့်ကန်ခံရ’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဒုချုပ်စိုးဝင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်တယ် ဆိုတဲ့ အကြောင်း အရာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ တခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    လုံခြုံရေးကောင်စီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ဇူလိုင်လ ၆ ရက်နေ့က တိုက်တွန်းထားတာတော့ ရှိပါတယ်။

    သူက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက်အစည်းအဝေးမှာ ပြောကြား ခဲ့တာဖြစ်ပြီး မြန်မာပြည်ရဲ့ အခြေအနေတွေဟာ ဆင်ခြင်တုံတရားမဲ့စွာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ် လက်ထဲမှာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတယ်လို့ ပြောဆိုထားပါတယ်။

    စစ်ကောင်စီကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကိစ္စတွေအပြင် အာဏာသိမ်းပြီးနောက် စစ်တပ်က လူပေါင်း ၃၅ဝဝ နီးပါးကို သတ်ဖြတ်ခဲ့မှုတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်း တရားစီရင်ဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုICC courtဖမ်းဝရမ်းထုတ်လူ့အခွင့်အရေးFakenewsClickbaits
    Read Full Article
    Claim :   စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!