BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • နေပြည်တော်ရှိ လွှတ်တော်နဲ့...
      သတင်းအတု

      နေပြည်တော်ရှိ လွှတ်တော်နဲ့ သမ္မတနေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

      နေပြည်တော်ကို တော်လှန်ရေးတပ် အင်အား ၃၀၀၀ နီးပါးချီတက်ပြီး လွှတ်တော်နဲ့ သမ္မတအိမ်တွေကို မီးရှို့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  19 July 2024 8:18 AM IST
    • နေပြည်တော်ရှိ လွှတ်တော်နဲ့ သမ္မတနေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Radio ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လွှတ်တော်ပြာကျပြီ။ နေပြည်တော် ဒရုန်းမိုးရွာချပြီ။ တော်လှန်ရေးအင်အား ၃၀၀၀ နီးပါးချီတက်။ လွှတ်တော်နဲ့ သမ္မတနေအိမ်တွေကို မီးရှို့' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၂၄ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းခွဲနီးပါး ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      နေပြည်တော်ရှိ လွှတ်တော်နဲ့ သမ္မတနေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring ဌာနမှာ ဇူလိုင်လ ၁၂ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ ဖော်ထုတ်သူတွေ၊ မျက်မြင်သက်သေတွေကို ကာကွယ်ပေးဖို့ ICCကို Fortify Rights တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

      ဒီသတင်းထဲမှာ နေပြည်တော်ကို တော်လှန်ရေးတပ် အင်အား ၃၀၀၀ နီးပါးချီတက်ပြီး လွှတ်တော်နဲ့ သမ္မတအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

      People's Spring ဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Burned HluttawBurned the President
      Read Full Article
      Claim :   နေပြည်တော်ရှိ လွှတ်တော်နဲ့ သမ္မတနေအိမ်တွေ မီးရှို့ခံရတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!