BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒုတပ်ချုပ်စိုးဝင်း လိုက်ပါလာတဲ့...
သတင်းအတု

ဒုတပ်ချုပ်စိုးဝင်း လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရပြီး သေဆုံးတယ်လို့ MRTV သတင်းမှာ အတည်ပြုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 March 2025 9:10 PM IST
  • ဒုတပ်ချုပ်စိုးဝင်း လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုတပ်ချုပ်စိုးဝင်း လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရပြီး သေဆုံး။ MRTV အတည်ပြုလို့ လန့်ကုန်ကြပြီ' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒုတပ်ချုပ်စိုးဝင်း လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မတ်လ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ 'ကနီမြို့ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်ရန် ရဟတ်ယာဉ် ဆင်းသက်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က မြို့ပေါ်နေအိမ်များကို မီးရှို့ဖျက်ဆီး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်တင်းဖို့ ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက Fixed Wings ဒရုန်း ၂ စီး အသုံးပြုပြီး ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်ကွင်းမှာ ကင်းစောင့်နေတဲ့ စစ်သားတွေ အထိအခိုက် ရှိနိုင်ကြောင်း၊ ရဟတ်ယာဉ်က စစ်သားတွေကို မခေါ်ပဲ ချက်ခြင်း ပြန်လည်ထွက်ခွာသွားကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ဒုတပ်ချုပ်စိုးဝင်း လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    helicopter shot downရဟတ်ယာဉ်ပစ်ချသတင်းအမှားဖြန့်ဝေဒုတပ်ချုပ်Fakenews
    Read Full Article
    Claim :   ဒုတပ်ချုပ်စိုးဝင်း လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!