BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)...
သတင်းအတု

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် စစ်ကြောရေးမှာ သေဆုံးပြီဆိုတဲ့ သတင်းအမှား

နေပြည်တော်ကို ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် စစ်ကြောရေးမှာ လက်လွန်သေဆုံးသွားပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  16 Jun 2023 5:08 PM IST
  • အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် စစ်ကြောရေးမှာ သေဆုံးပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HD Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၁၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နမခ တိုင်းမှူး မအလ လက်လွန်မှု သေဆုံးပြီတဲ့ဗျို့’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် သေဆုံးတယ်ဆိုတဲ့ သတင်းမှားကို ဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ရေးသားမှုမတူတဲ့ ပုံစံနဲ့ ဖြန့်ဝေနေတာတွေ ရှိပါတယ်။

    ဖြန့်ဝေမှုတွေမှာ ‘နမခ တိုင်းမှူးဗိုလ်ချုပ်သန်းထိုက် ဇာတ်သိမ်းပြီ’ နဲ့ ‘နမခ တိုင်းမှူး ဗိုလ်ကြီး သန်းထိုက် စစ်ကြောရေးမှာမသာပေါ်ပြီ’ လို့ ရေးသားဖြန့်ဝေနေကြတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ရဲ့ နေပြည်တော် ရုတ်တရက် သွားရောက်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ‘နမခ တိုင်းမှူး သေဆုံးတယ်’ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    လက်ရှိမှာ နေပြည်တော်ကို ခေါ်ယူစစ်ဆေးခံခဲ့ရတယ်ဆိုတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် မုံရွာကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


    ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းထဲမှာတော့ နမခ တိုင်းစစ်ဌာနချုပ်ရုံး အခြေစိုက်သော မုံရွာမြို့ကို တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် ပြန်လည်ရောက်လာပြီဖြစ်ကြောင်း၊ သူနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ပါ လိုက်ပါလာကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ တိုင်းမှူးအထက်ကနေ စစ်ဆင်ရေးကိစ္စရပ်တွေကို ကွပ်ကဲပေးရသူဖြစ်ကြောင်း၊ နမခ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို ဇွန်လ ၁၂ ရက်နေ့မှာ မုံရွာမြို့မှ နေပြည်တော်ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတာဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှာ မုံရွာကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

    ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    နမခတိုင်းမှူးစစ်ကြောရေးတိုင်းမှူးသေဆုံးဗိုလ်ချုပ်သန်းထိုက်းသေဆုံးFakenewsMilitary CoupMilitary Council
    Read Full Article
    Claim :   နေပြည်တော်ကို ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် စစ်ကြောရေးမှာ လက်လွန်သေဆုံးသွားပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!