BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ဗိုလ်ချုပ်ဟောင်း...
သတင်းအတု

စစ်ဗိုလ်ချုပ်ဟောင်း လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကျော်ဘ ကို ရန်ကုန် pdf အထူးတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ် လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 May 2024 1:19 PM IST
  • စစ်ဗိုလ်ချုပ်ဟောင်း လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အာဏာသိမ်းမှုမှာ ပါဝင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ရန်ကုန် pdf အထူးတပ်ဖွဲ့မှ ပစ်သတ်လိုက်ပြီ။ သွေးကျွေးဆပ်နေကြပြီဟေ့' လို့ ရေးသားထားတာပါ။

    ဗီဒီယိုကာဗာပုံမှာတော့ ရှစ်လေးလုံး အရေးတော်ပုံ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့မှုမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးကျော်ဘ ရဲ့ ပုံကိုလည်း ဖော်ပြထားပါတယ်။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကျော်ဘ ကို ရန်ကုန် pdf အထူးတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ 'ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ပြီး ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေတို့ ဦးဆောင်သော စစ်အာဏာ သိမ်းမှုတွင် ပါဝင်ခဲ့သူ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကျော်ဘ ကွယ်လွန်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    သတင်းထဲမှာ ရှစ်လေးလုံးအရေးတော်ပုံ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့မှှုနဲ့ ဗိုလ်စောမောင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုတွေမှာ ပါဝင်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ အသက် ၉၀ အရွယ်တွင် ကွယ် လွန်သွားပြီဖြစ်ကြောင်းနဲ့ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်တယ်လို့ တပ်သတင်းရင်းမြစ်က ပြောဆိုကြောင်း ရေးသားထားပါတယ်။

    Khit Thit Media မှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Retired lieutenant general diedရှစ်လေးလုံးအရေးတော်ပုံအငြိမ်းစားစစ်ဗိုလ်ချုပ်Fakenewsသတင်းမှားassassinationလုပ်ကြံ
    Read Full Article
    Claim :   ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကျော်ဘ ကို ရန်ကုန် pdf အထူးတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ် လိုက်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!