BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG အစိုးရ တစ်ဖွဲ့လုံး...
သတင်းအတု

NUG အစိုးရ တစ်ဖွဲ့လုံး အသစ်ပြန်လည်ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းအမှား

NUG အစိုးရ တစ်ဖွဲ့လုံးကို အသစ်ခန့်လိုက်ပြီး ပြည်ထောင်စု စစ်တပ်ကြီး ဖွဲ့စည်းတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Feb 2025 9:41 AM IST
  • NUG အစိုးရ တစ်ဖွဲ့လုံး အသစ်ပြန်လည်ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင် ဖြန့်ဝေ ခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG က အကုန်အသစ်ခန့်လိုက်ပြီ။ တစ်နိုင်ငံလုံး လေးစား အားကျရတဲ့သူ NUG ကာကွယ်ရေးကို တာဝန်ယူ။ ပြည်ထောင်စု စစ်တပ်ကြီး စတင်ဖွဲ့စည်း' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG အစိုးရ တစ်ဖွဲ့လုံး အသစ်ပြန်လည်ဖွဲ့စည်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Pressphoto Agency သတင်းဌာနမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖော်ပြထားတဲ့ 'NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်များအားလုံးမှ အနားယူကြောင်း အတွင်းဝန် ဦးနိုင်ထူးအောင် ထုတ်ပြန်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ 'အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စပ်လျဉ်းသော တာဝန်များအားလုံးမှ အနားယူ လိုက်ပြီဖြစ်ကြောင်း အတွင်းဝန်ဦနိုင်ထူးအောင်က ထုတ်ပြန်လိုက်ကြောင်း' သူ့ရဲ့ ဖေစ့်ဘွတ်မှာ ရေးတင်လိုက်တဲ့ အကြောင်း ကို ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ NUG အစိုးရ တစ်ဖွဲ့လုံး အသစ်ပြန်လည်ဖွဲ့စည်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Myanmar Pressphoto Agency သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အစိုးရသစ်ဖွဲ့စည်းNUGသတင်းအမှားကာကွယ်ရေးဝန်ကြီးသတင်းတု
    Read Full Article
    Claim :   NUG အစိုးရ တစ်ဖွဲ့လုံး အသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!