BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မွန်ပြည်နယ် ချောင်းနှစ်ခွတံတား...
သတင်းအတု

မွန်ပြည်နယ် ချောင်းနှစ်ခွတံတား တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေဟာ KNU/KNLA တပ်ဖွဲ့ဟောင်းတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

မွန်ပြည်နယ်၊ ကျိုက်မရောအစပ် ချောင်းနှစ်ခွတံတားအနီးက စစ်ကောင်စီလက်အောင်ခံ BGF ဂိတ်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေဟာ KNU/KNLA တပ်ရင်း(၇၀၉) မှ ထုတ်ပယ်ခံထားရတဲ့ ဆံရှည်(ခေါ်) စောတင်အောင်မိုး အဖွဲ့ဖြစ်တယ် ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  28 April 2022 10:04 PM IST
  • မွန်ပြည်နယ် ချောင်းနှစ်ခွတံတား တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေဟာ KNU/KNLA တပ်ဖွဲ့ဟောင်းတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီသတင်းကို Ko.THet-Reborn ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဧပြီလ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ "ချောင်းနှစ်ခွတံတား ဖြစ်စဉ်မှန်" လို့ ခေါင်းစဉ်တပ်ရေးသားကာ မွန်ပြည်နယ်၊ ကျိုက်မရော၊ ချောင်းနှစ်ခွတံတားထိပ်မှာ လုံခြုံရေးယူထားတဲ့ BGF တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေဟာ BGF တပ်သားတေွ မဟုတ်ကြောင်း၊ KNU/KNLA တပ်ရင်း(၇၀၉)မှ ထုတ်ပယ်ခံ ထားရတဲ့ ဆံရှည်(ခေါ်)စောတင်အောင်မိုး အဖွဲ့ဖြစ်ကြောင်းနဲ့ ကရင်လက်နက်ကိုင် အဖွဲ့အချင်းချင်း ဖြစ်ကြတာဖြစ်ကြောင်း ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အတ္တရံတံတား( ချောင်းနှစ်ခွတံတား) အနီးရှိ စစ်ကောင်စီလက်အောင်ခံ BGF ဂိတ်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အကြောင်း သတင်းဖော်ပြခဲ့တဲ့ ဒေသခံ သတင်းဌာနတွေ၊ တိုင်းရင်းသားသတင်းဌာနတွေနဲ့ အခြားယုံကြည်ရတဲ့ သတင်းဌာနတွေ အားလုံးမှာ BGF တပ်သား ၅ ဦးသေဆုံးတယ်လို့ ရေးသားထားပါတယ်။

    News Ambassador သတင်းဌာနမှာ ဧပြီလ ၁၆ ရက်နေ့က ဖော်ပြခဲ့တဲ့သတင်းမှာ BGF ကင်းစခန်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူး စောဘီလူး၏ ရဲဘော် ၅ ဦးသေ၊ သေနတ် ၅ လက်ပါသွားတယ်လို့ ရေးသားထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    တိုင်းရင်းသားအရေးနဲ့ ဒေသသတင်းတွေ ရေးသားဖော်ပြတဲ့ BNI News သတင်းဌာနမှာလည်း BGF ကင်းစခန်း ပစ်ခတ်ခံခဲ့ရပြီး အဖွဲ့ဝင် ၅ ယောက် သေဆုံးသွားခဲ့တယ်လို့ပဲ ရေးသားထားပါတယ်။


    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကောင်စီ အကြိုက်သတင်းတွေ ရေးသားဖော်ပြနေတဲ့ Eleven သတင်းဌာနရဲ့ ဖော်ပြမှုမှာလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ကင်းစခန်း ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင် ငါးသီးသေဆုံးတယ်လို့သာ ရေးသားဖော်ပြထားပြီး KNU/KNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်လို့ ဖော်ပြမထားပါဘူး။ Eleven သတင်းဌာနရဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒါကြောင့် ချောင်းနှစ်ခွတံတားထိပ် တိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေဟာ KNU/KNLA တပ်ရင်း(၇၀၉)မှ ထုတ်ပယ်ခံ ထားရတဲ့ ဆံရှည်(ခေါ်) စောတင်အောင်မိုး အဖွဲ့ ဆိုပြီး ဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

    Tags

    attack on the bridge.FakenewsChaung Hna Khwa Bridgeအတ္တရံတံတားတိုက်ပွဲMilitary CoupBGF ဂိတ်စခန်း
    Read Full Article
    Claim :   မွန်ပြည်နယ်၊ ကျိုက်မရောအစပ် ချောင်းနှစ်ခွတံတားအနီးက စစ်ကောင်စီလက်အောင်ခံ BGF ဂိတ်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေဟာ KNU/KNLA တပ်ရင်း(၇၀၉) မှ ထုတ်ပယ်ခံထားရတဲ့ ဆံရှည်(ခေါ်) စောတင်အောင်မိုး အဖွဲ့ဖြစ်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!