BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကလောမြို့ အနီရောင်အဆင့်ဆိုပြီး...
သတင်းအတု

ကလောမြို့ အနီရောင်အဆင့်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ကလောမြို့ တနေရာမှာ ရေတွေကြီးနေဆဲဖြစ်ပြီး အနီရောင်အဆင့်ဖြစ်ကြောင်းနဲ့ အကူအညီအရေးပေါ် လိုအပ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတေွ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  20 Sept 2024 10:05 AM IST
  • ကလောမြို့ အနီရောင်အဆင့်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို San Min Hlaing ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စက်တင်ဘာ ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အိမ်ခေါင်မိုးပေါ်အထိ ရေလွှမ်းတာခံနေရတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး 'ကလောအနီရောင်အဆင့်ပါ 18.9.24။ ကူပြီး sha၊re ပေးကြပါအုံးနော်။ အသိ အမ တယောက်ဖုန်းဆက်အကူအညီတောင်းလာလို့ပါ။ ဖုန်းလိုင်းတွေ ဆက်သွယ်ဖို့ ခက်ခဲပြီး internet လိုင်းလုံးဝ မရတာမို့ စားဖို့တင်မဟုတ် နေဖို့ပါခက်ခဲနေသော ကလော ရွှေတောဘက်က ရွာလေး အခက်အခဲကြုံနေရပါတယ်။ စ ဖြစ် ကတည်းက တချို့နေရာတွေရေကျသွားပေမဲ့ အခုရွာလေးက ရေလုံးဝမကျပဲ ဒယ်အိုးထဲ ရေဝင်သလိုရေ တင်နေဆဲပါ။ ရေဘေးသင့်သူတွေကို စာသင်ကျောင်းအမြင့်ပိုင်းမှာနေစရာပေးထားပေမဲ့ အခု ကျောင်း ပြန်ဖွင့်တော့မှာမို့ နေရာ ဖယ်ပေးခိုင်းတဲ့အတွက် နေစရာ နေရာအခက်အခဲလည်းကြုံနေရပါတယ်။ အမိုးအကာ အတွက်..မိုးကာစ လေးများလှူပေးကြဖို့နဲ့အဝတ်အထည် အခက်အခဲလည်းရှိနေတယ်လို့သိရတာမို့ အလှူရှင်များ ကူပေးကြ ပါအုံး။ ကလောဘယ်နားလဲ လို့မေးရင်။ ကလောရထားနဲ့သွားတဲ့လမ်းမှာ ရထားလွန်းထိုးတက်ရတဲ့ နေရာလေးတွေ ရှိပါ တယ်။ ရထားစီးဘူးသူတွေပိုသိကြပါမယ်။ ရွာလေးကအဲ့နားမှာပါ။ ကလော မြို့ ခံတွေမေးရင် နေရာ ညွှန်ပြနိုင်မှာမို့ ကျော်မ သွားပဲ ရှဲ ပေးကြပါအုံးနော်။ သွားနိုင်မဲ့ ပရဟိတအဖွဲ့တွေ သွားပေးဖို့လည်းအကူအညီတောင်းခံအပ်ပါတယ်။ ဆက်သွယ်ဖို့ ဖုန်းလိုင်းရော။ အင်တာနက်ရော မရ ဖြစ်နေလို့ပါ' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တမင်လုပ်ကြံဖန်တီးပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    ကလောမြို့မှာ ရေကြီး၊ ရေလျှံပြီး မြေပြိုမှုတွေဖြစ်ခဲ့တာ စက်တာဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ ၁၄ ရက် နောက်ပိုင်းမှာ ရေပြန်ကျသွားပြီ ဖြစ်တဲ့အတွက် ရေကြီးစဉ် တင်ကျန်ခဲ့တဲ့ နုန်းနဲ့ ရွံ့နွံတွေ ရှင်းလင်းပြီး

    ပြန်လည်ထူထောင်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

    ဒါပေမယ့် အထိအခိုက် အပျက်အစီး များခဲ့တဲ့ ကလောမြို့ရေဘေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လနဲ့ချီ လုပ်ရဖွယ်ရှိနေပြီး အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    ကလောမြို့ ရေဘေးနဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    နောက်တစ်ချက် အနေနဲ့ အခုဖြန့်ဝေနေမှုထဲမှာ အသုံးပြုထားတဲ့ နေအိမ်နစ်မြှပ်နေတဲ့ ပုံဟာ ကရင်နီဒေသက ပုံဖြစ်ပြီး 𝐃𝐇𝐀𝐍𝐀 - ဓန ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တစ်ခုမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြထားပါသေးတယ်။


    ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝမ်း ရေးကြီးရေလျှံမှုကြောင့် လူအများ ဒုက္ခရောက်နေချိန်မှာ မိမိတို့ ဖေစ့်ဘွတ်ပေချ့် တွေ၊ အကောင့်တွေ ဖော်လိုဝါတိုးလာစေဖို့ အခုလို ဗီဒီယိုဖိုင်အတု၊ ဓာတ်ပုံအတုတွေ ဖန်တီးဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

    Tags

    အနီရောင်အဆင့်Flood in MyanmarKareni floodKalaw floodFakenwsDonationred levelPage promotion
    Read Full Article
    Claim :   ကလောမြို့ အနီရောင်အဆင့် သတိပေးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!