BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်သံရုံးကို...
သတင်းအတု

တရုတ်သံရုံးကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှား

တရုတ်သံရုံးကို မီးရှို့ဖျက်ဆီးပြီး သံအမတ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF တွေက အရှင်ဖမ်းဆီးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 July 2024 1:24 PM IST
  • တရုတ်သံရုံးကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Radio ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင်နားကားပြီ။ တရုတ်သံရုံးကို မီးရှို့ဖျက်ဆီးပြီ။ တရုတ်သံအမတ်ကို PDF များက အရှင်ဖမ်းဆီး။ ဆူးလေပန်းခြံမှာ ပြည်သူတွေက သေးနဲ့ပန်းပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်သံရုံးကို မီးရှို့ဖျက်ဆီးပြီး သံအမတ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF တွေက အရှင်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ SHAN News သတင်းဌာနမှာ ဇူလိုင်လ ၁၆ ရက်နေ့က ဖော်ပြထားတဲ့ 'လားရှိုးခံစစ် စစ်ကူနှင့် ဆာလာအိတ်သိန်းချီ လေကြောင်းမှ ပေးပို့' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။


    ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာတရုတ်သံရုံးကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    တရုတ်သံရုံးကလည်း ဒီလိုကြေညာချက်မျိုး ထုတ်ပြန်ထားတာ မရှိပါဘူး။

    SHAN News သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    တရုတ်သံရုံးChinese embassy burnedသံအမတ်ဖမ်းဆီးလားရှိုးရှမ်းမြောက်တိုက်ပွဲFakenews
    Read Full Article
    Claim :   တရုတ်သံရုံးကို မီးရှို့ဖျက်ဆီးတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!