BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တပ်ဖွဲ့ဝင် နှစ်ဦးကို...
သတင်းအတု

PDF တပ်ဖွဲ့ဝင် နှစ်ဦးကို မီးရှို့သတ်ခဲ့တဲ့ တရားခံတွေကို ဗိုလ်နဂါးဖေါ်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမား နှစ်ဦး လူမြင်ကွင်းမှာ မီးရှို့အသတ်ခံခဲ့ရတဲ့ အမှုက တရားခံတွေကို ဗိုလ်နဂါး ထုတ်ဖော်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Feb 2024 7:36 AM IST
  • PDF တပ်ဖွဲ့ဝင် နှစ်ဦးကို မီးရှို့သတ်ခဲ့တဲ့ တရားခံတွေကို ဗိုလ်နဂါးဖေါ်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ ဖေဖေါ်ဝါရီ ၉ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘(PDF)နှစ်ယောက်ကို မီးရှို့သတ်ခဲ့တဲ့တရားခံတွေကို ဗိုလ်နဂါး ဖေါ်ထုတ်လိုက်ပြီ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ မီးရှို့သတ်ခဲ့တဲ့ တရားခံတွေကို ဗိုလ်နဂါး ဖေါ်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ရည်ညွှန်းထည့်သွင်းထားတဲ့ ဗီဒီယိုဖိုင်ဟာ တော်လှန်ရေးမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ပြစ်တင်ဝေဖန်ထားတဲ့ စစ်တပ်လော်ဘီတွေ အကြိုက် ပြောဆိုထားတဲ့ အသံဖိုင်ပဲ ဖြစ်ပါတယ်။လူငယ်နှစ်ဦး မီးရှို့အသတ်ခံရမှုမှာ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာက စစ်သားတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေမှာ တာဝန်ရှိတယ်လို့ ယောကာကွယ်ရေးတပ် (YDF) က ပြောဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    သတ်ဖြတ်ခံရသူ လူငယ်နှစ်ဦးဟာ ယောကာကွယ်ရေးတပ်ဖွဲ့မှ ဖိုးတေနဲ့ သားထောင်ဆိုသူ လူငယ်တွေဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြောင်ခင်ရန်းရွာမှ စစ်ဆင်ရေးတခုအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    Tags

    မီးရှို့သတ်ဖြတ်မှုတော်လှန်ရေး အင်အားစုFakenewsBo Nagarburned to deathမြောက်ခင်ရန်းရွာဖြစ်စဉ်PDFစစ်ကောင်စီ
    Read Full Article
    Claim :   PDF တပ်ဖွဲ့ဝင် နှစ်ဦးကို မီးရှို့သတ်ခဲ့တဲ့ တရားခံတွေကို ဗိုလ်နဂါးဖေါ်ထုတ်လိုက်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!