BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Asia World ပိုင်ရှင် စတီဗင်လောကို...
သတင်းအတု

Asia World ပိုင်ရှင် စတီဗင်လောကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ပြီး ကြွယ်ဝချမ်းသာလာတဲ့ စစ်အုပ်စုဘက်တောသား Asia World ကုမ္ပဏီပိုင်ရှင် ထွန်းမြင့်နိုင် (ခေါ်) စတီဗင်လောကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 July 2024 8:22 AM IST
  • Asia World ပိုင်ရှင် စတီဗင်လောကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ဖမ်းဝရမ်းထုတ်ခံရပြီဟေ့။ Asia World ပိုင်ရှင် စတီဗင်လောကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ ချက်ခြင်းဝဋ်လည်ပြီဟေ့။ ပတ်ပြေးနေရပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Asia World ပိုင်ရှင် စတီဗင်လောကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media သတင်းဌာနမှာ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ 'ပြည်သူလူထု၏ ဒဏ်ခတ်မှု ခံရမည့် စစ်ကောင်စီဘက်တော်သား Asia World ပိုင်ရှင် စတီဗင်လော' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ Asia World ပိုင်ရှင် စတီဗင်လောကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    လားရှိုး တိုက်ပွဲတွေရပ်တန့်ဖို့၊ အပစ်အခတ်ရပ်ဆဲပြီး စစ်တပ် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) ထံ ကို တောင်းဆိုထားတဲ့ စာတစောင်ကို Aisa World ကုမ္ပဏီပိုင်ရှင် ထွန်းမြင့်နိုင် ခေါ် စတီဗင်လောက ဇူလိုင် ၂၄ ရက်နေ့မှာ တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဖမ်းဝရမ်းထုတ်ဘိန်းမှောင်ခိုခရိုနီFakenewsarrest warrantClickbaitsရှမ်းမြောက်တိုက်ပွဲ
    Read Full Article
    Claim :   Asia World ပိုင်ရှင် စတီဗင်လောကို ဖမ်းဝရမ်းထုတ်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!