BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးကို...
သတင်းအတု

စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးကို ထိုင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ် ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားနဲ့ သမီးကို ထိုင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 April 2023 9:36 AM IST
  • စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးကို ထိုင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ် ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Aung Kyaw ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၂၁ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ နာရီနီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘မင်းအောင်လှိုင် ပြန်ဝတ်လည်ပြီ။ သားနဲ့သမီးကို ထိုင်က မူးယစ်ရာဇာ အဖြစ် ဖမ်းဝမရမ်းထုတ်’ လို့ ရေးသားထားပါတယ်။

    ဖြန်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဘုန်းကြီးတစ်ပါး ဖေစ့်ဘွတ် live လွှင်နေတဲ့ ဗွီဒီယိုဖိုင်ကို ပြန်လည်ကူးယူဖော်ပြထားတာဖြစ်ပါတယ်။

    Live ထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့ လက်နက်ပွဲစား ဦးထွန်းမင်းလတ်နဲ့ သူ့ရဲ့ အမှုတွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့သား ဦးအောင်ပြည့်စုံ နဲ့ သမီး ဒေါ်ခင်သီရိသက်မွန်တို့ ပါဝင် ပက်သက်မှုတွေ အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

    လက်နက်ပွဲစား ဦးထွန်းမင်းလတ် အဖမ်းခံရချိန်မှာ င်းအောင်လှိုင်အောင် သားဖြစ်သူ အောင်ပြည့်စုံ၏ ဘန်ကောက်ရှိ ကွန်ဒိုတိုက်ခန်း ဝယ်ယူထားမှု မှတ်တမ်းနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်အကောင့်များကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း Justice for Myanmar က ထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် သူတို့နှစ်ဦးကို ထိုင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    မင်းအောင်လှိုင်drug lordsမူးယစ်ရာဇာFakenewsလက်နက်ပွဲစားဦးထွန်းမင်းလတ်Military Coup
    Read Full Article
    Claim :   စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားနဲ့ သမီးကို ထိုင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!